မဲစာရင်း အမှားများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲ အကြပ်အတည်းများ

မဲစာရင်း အမှားများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲ အကြပ်အတည်းများ

မိမိတို့နိုင်ငံမှာ နှစ်ခြောက်ဆယ်ကျော်မျှ မဖြတ်သန်းခဲ့ရပဲ နေခဲ့ရသည့် ပြည်သူများ ဒီမိုကရေစီ ရွေးကောက်ပွဲကို ပြန်လည် ဖြတ်သန်းကြရတော့မည် ဖြစ်သည်။ မိမိတို့လိုလားသည့် လွှတ်တော်အ ရပ်ရပ် ကိုယ်စားလှယ်များကို ဒီမိုကရေစီနည်းကျ မဲပေး ရွေးချယ်ကြရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲမှာ ရက် ၂၀ ပင် မလိုတော့သည့်အချိန်သို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ရွေးကောက်ပွဲနှင့် နီးကပ်လာနေ သည်နှင့်အမျှ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်း အမျိုးမျိုးကိုလည်း နေရာ အနှံ့မှ ကြားနေရ မြင်နေကြရပါသည်။ စိတ်ပူပန်ဖွယ် ကောင်းသည့်အချက်မှာ ကြားရမြင်ရသမျှ သတင်းများက အများစု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်သည့် အားလျော်စွာ မတူကွဲပြား တည်ရှိသည့် နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များလည်း ရှိလာကြရသည်။ မိမိတို့ ပြည်သူများသည်လည်း ကိုယ်ယုံကြည်ရာ နိုင်ငံရေးပါ တီများ၊ နိုင်ငံရေး ခေါင်းဆောင်များအပေါ် ပွင့်လင်းမြင်သာစွာ ရွေးချယ်နိုင်ခွင့် ရှိလာသည်။ ထိုအခါ လူတစ်ဦးချင်းဆိုင်ရာ မတူကွဲပြား ခြားနားမှုဆိုသည်က ပေါ်ပေါ်ထင်ထင် လွတ်လွတ်လပ်လပ် ဖြစ်လာ သည်။ ထို့ကြောင့် မိသားစုတစ်စု အတွင်းမှာပင် မတူညီသော သဘောထားအမြင်များ ရှိလာရပြီး ကိုယ်နှစ်သက်ရာ ကိုယ်နှစ်သက်ရာ နိုင်ငံရေး ခေါင်းဆောင်များကို ပွင့်လင်းစွာ သီးခြားစီ ရွေးချယ်ခြင်း များ ရှိလာကြရပါသည်။

သို့သော် ဤသည်မှာ တရားကိုယ် သဘောမျှသာ ဖြစ်သည်။ ဒီမိုကရေစီက ပေးသည့် လွတ်လပ်မှု ဆုလာဘ်သာ ဖြစ်သည်။ လက်တွေ့တွင်မူ ယင်းကဲ့သို့ လွတ်လပ်စွာ ရွေးချယ် လွတ်လပ် စွာ ဖော်ပြနိုင်ခွင့် အခွင့်အရေးကို မှန်ကန်စွာ ရနိုင်ကြပါ၏လော။ မေးခွန်းထုတ်ဖို့ ရှိပါသည်။ သည်နေ ရာတွင် အခြားအခြားသော နယ်ပယ်များအတွက် မပြောလိုပဲ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အခြေအနေများကိုသာ ပြောပါမည်။

ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည့်အခါ အရေးအကြီးဆုံး အချက်တစ်ချက်မှာ တရားဥပဒေ စိုးမိုးရေး ဖြစ်သည်။ လူပုဂ္ဂိုလ်အချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း၊ အငြင်းပွားမှု၊ ပွတ်တိုက်မှုများ ရှိလာသည့်အခါ ဥပဒေအရ မှန်ကန်စွာ အရေးယူ ဆောင်ရွက်ဖို့ ရှိလာပါသည်။ ဥပမာ လွှတ်တော် ကိုယ်စားလှယ်များကို ခြိမ်းခြောက် နှောက်ယှက်ခြင်း၊ မဲဆွယ်စည်းရုံးရေး ဆိုင်းပုတ်များ ပြောင်ဖျက်ဆီး ခံရခြင်း။ အစရှိသော ဥပဒေနှင့်မညီသည့် အလုပ်များကို မှန်ကန်တိကျစွာ အရေးယူ ရုံးတင ်အပြစ်ပေးကြရမည်သ ာဖြစ်သည်။ ထိရောက်မှန်ကန်စွာ အပြစ်မပေးနိုင်ခြင်း အထူးသဖြင့် ပုဂ္ဂိုလ်ရေး ဘက်လိုက်မှု၊ ပါတီ ဘက်လိုက်မှုများအပေါ် မူတည်ကာ ဥပဒေကို ကိုယ်လိုသလို အလျှော့အတင်းလုပ်ပြီး အရေးယူမည်ဆိုပါက အခြေအနေများ ဆိုးရွားလာဖို့ရန်သာ ရှိပါသည်။

စိတ်ဝင်းဖို့ကောင်းပြီး တည်ငြိမ်အေးချမ်းမှုကို စိန်ခေါ်သည်အထိ ဖြစ်လာနိုင်သည်ဟု ယူဆရ သည့် အချက်မှာ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော ရွေးကောက် ပွဲကော်မရှင်ရဲ့ ထုတ်ဖေါ် ပြောဆိုချက်အရ မဲစာရင်းများမှာ ၇၀ ရာခိုင်နှုန်း မှားယွင်းနေဖွယ်ရာရှိသည့် အချက်ဖြစ်သည်။

မိမိတို့ ပြည်သူများကမူ ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ ရောက်လာကြမည် ဖြစ်သည်။ ကိုယ်နှစ် သက်ရာ လွှတ်တော် ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ရန် ဆန္ဒမဲပြားများ ထုတ်ယူကြရမည် ဖြစ်သည်။ ထိုအခါ အကယ်၍ မှားယွင်းနေသည့် မဲစာရင်းကြောင့် မဲပေးခွင့် ဆုံးရှုံးမည်ဟု ဖြစ်လာသော အခါ မဲပေးရန် ရောက်လာသူ ပြည်သူတစ်ဦးအဖို့ စိတ်အနှောက်အယှက် ဖြစ်ရမည်သာ ဖြစ်သည်။

မိမိ တို့ရဲ့ နိုင်ငံသားတစ်ဦးရဲ့ အခြေခံရပိုင်ခွင့် ဆုံးရှုံးရခြင်းအတွက် စိတ်ခံစားချက်များ ဖြစ်လာနိုင်ဖွယ် ရှိသည်။ သည်ကြားထဲ တစ်ဦးတစ်ယောက်လောက်သာ သည်လို အခက်အခဲမျိုး ကြုံရခြင်းမဟုတ်ဘဲ လူအတော်များများ ကြုံရသည်ရှိသော်၊ သည်နေရာတွင် ၇၀ ရာခိုင်နှုန်းမျှ မဲစာရင်း အမှားရဲ့ အားနည်း ချက်ကြောင့် တစ်ဦးတစ်ယောက်ထက် ပိုမို များပြားဖို့သာ ရှိမည်သာ ဖြစ်သည်။

ထိုအခါ လူအများ စိတ်ဆိုးဒေါသ ဖြစ်သည်အထိ အခြေအနေ ဆိုးလာဖွယ် ရှိသည်ဟူ၍ မြင်သူများကလည်း မြင်ကြ သည်။ ထိုအခါ ရွေးကောက်ပွဲဆိုင်ရာ အထွေထွေ မကျေနပ်မှုကြီး ဖြစ်လာပြီး တိုင်းပြည် မတည်မငြိမ် ဖြစ်သည်အထိ ပြဿနာမှာ ကြီးထွားသွားနိုင်သည်ဟူ၍ ဝေဖန်ကြသူတချို့က ဝေဖန်ကြသည်။

မည်ကဲ့သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကာလ တည်ငြိမ်အေးချမ်းရေးမှာ လွန်စွာ အရေးကြီးပါ သည်။ ထို့ကြောင့် ယင်းကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းအမှားကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် မတည်မငြိမ် ဖြစ်မှုများအပေါ် ဖြစ်ပေါ်လာခြင်း မရှိရလေအောင် ဖြစ်လာလျင်လည်း နည်းလမ်းတကျ ပြေလည်အောင် ဖြေရှင်းပေးဖို့ရန်မှာ ရွေးကောက်ပွဲ တာဝန်ရှိသူများက အဓိက တာဝန်ရှိမည်ဟု ယူဆ ကြောင်း တင်ပြလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags