သိမ်းဆည်းမြေများပြန်ပေးရန် နှုတ်မိန့်ဖြင့် ပြောထားသော်လည်း ၆လကြာသည့်အထိ မထူးခြားသေး

သိမ်းဆည်းမြေများပြန်ပေးရန် နှုတ်မိန့်ဖြင့် ပြောထားသော်လည်း ၆လကြာသည့်အထိ မထူးခြားသေး
ဓာတ်ပုံ - ထက်မြတ်

ပဲခူး၊ ဒီဇင်ဘာ ၁၆။               ။ သိမ်းဆည်းမြေများပြန်ပေးရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်မိန့်ဖြင့်  ပြောထားသော်လည်း ခြောက်လခန့် ကြာသည့်အထိ ထူးခြားမှုမရှိသေးကြောင်း  ညောင်လေးပင်မြို့နယ်၊ ဂျို့ပင်ကျေးရွာအုပ်စုမှ ဒေသခံ တောင်သူများက  ဒီဇင်ဘာ ၁၆ရက်နေ့က  သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားခဲ့သည်။

အဆိုပါကိစ္စမှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ဂျို့ပင်ကျေးရွာအုပ်စုရှိ  လယ်ယာ မြေဧက ၆၂၈ဒဿမ ၂၈ဧကအား ရှေ့ပြေး သမလယ်ယာမြေ အဖြစ် အကောင်အထည်ဖော်ရန်  သမဝါယအသင်းလီမိတက်က သိမ်းဆည်းထားသည့်မြေများ ဖြစ်သည်။

`` ကိုယ်တိုင် ခုတ်ထွင်ရှင်းလင်းခဲ့တဲ့ ဓားမဦးချ လယ်ယာမြေဖြစ်များဖြစ်ပါတယ်၊ ခြောက်နှစ်ခန့် လုပ်ကိုင်ခဲ့ ပြီးနောက်ပိုင်းမှာ သမဝါယမကကိုင်မယ်ဆိုပြီးသိမ်းဆည်းခဲ့ပေမယ့် ယခုအချိန်အထိ ပြန်မပေးတဲ့အတွက် အခက် အခဲပေါင်းစုံနဲ့ ကြုံတွေ့နေရတယ်`` ဟု ဂျို့ပင်ကျေးရွာအုပ်စု လယ်ယာမြေသိမ်းဆည်းခံရသူ ဒေါ်ကြည် ဝင်းက ပြောသည်။

ယခုသိမ်းဆည်းခဲ့သော လယ်ယာမြေများမှာ ၁၉၇၉ မွ ၁၉၈၇ခုနှစ်အထိ တရားဝင်လုပ်ပိုင်ခွင့်အား ပြေစာများနှင့် တကွ တောင်သူ ၉၅ဦးက လုပ်ပိုင်ခွင့်ရရှိခဲ့သော်လည်း ၁၉၈၈ ခုနှစ်တွင် သမဝါယမ၀န်ကြီးဌာနက ရှေ့ပြေး သမလယ်ယာမြေဖော်ဆောင်ရန်အတွက် သိမ်းဆည်း ခဲ့ခြင်းဖြစ်သည်။  သိမ်းဆည်း စဉ်ကပြောကြား ခဲ့သော အချက်များကို အကောင်အထည် ဖော်နိုင်ခြင်း မရှိသည့်အပြင် လက်ရှိသိမ်းဆည်းထားသော မြေအား သမဝါယမဝန်ကြီးဌာနက တောင်သူများအားခေါ်ဆောင်ပြီး ပြန်လည်ပေးအပ်ရန်ပြောကြားထားသော်လည်း ယခုအခါ သမဝါယမအသင်းလိမိတက်ဟု နာမည်တပ်ကာ ပြန်လည်ပေးအပ်ခြင်းမရှိသဖြင့် ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။

“ ၀န်ကြီးချုပ်လွန်ခဲ့တဲ့ခြောက်လကပြောခဲ့တာ ဂျိုပင်ကျေးရွာအုပ်စုမွာပါ။   သိမ်းဆည်းခံ လယ်ယာမြေကိစ္စနဲ့ ပက်သက်ပြီး လာရောက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ ဝန်ကြီးချုပ်က ဘယ်လိုမှတ်ချက်ပေးသွားလဲဆိုတော့ နှုတ် နဲ့ပြောသွားတာက သမနဲ့ တောင်သူ ၉၅ဦး မှုခင်းဖြစ်တဲ့ကိစ္စကို လယ်ယာမြေမှာ စိုက်ပျိုးမှုမလုပ် ဖူးဆိုရင် တစ်ယောက်ကိုပိုင်တဲ့ ဧကအလိုက်ပေးလိုက်၊ အစုအဖွဲ့လုပ်ချင်လို့ရှိရင် မူလပိုင်ရှင်နဲ့ ညှိနှိုင်းပြီး လုပ်ပေါ့ မလုပ် ချင်ဘူး ဆိုရင်တော့ ဒေသခံကိုပြန် ပေးလိုက်လို့ပြောခဲ့ပါတယ်”  ဟု  ဝန်ကြီးချုပ်နှင့်  ဒေသခံများ တွေ့ဆုံစဉ်က အခြေအနေကို  ညောင်လေးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘိုဘိုလွင်  ပြောသည်။

ပြန်ပေးရန်ပြောထားသော်လည်း သမဝါယမမှ ပြန်လည်ပေးအပ်ခြင်းမရှိဘဲ လုပ်ငန်များကို အကောင်အထည် ဖော်နေခြင်းကြောင့် ကျေးရွာလယ်ယာမြေစိစစ်ရေးကော်မတီထံတင်ပြခဲ့သည်။ ကော်မတီမှ စိစစ်ဆဲကာလဖြစ် သောကြောင့် အဆိုပါဧက ခြောက်ရာကျော်တွင် မည့်သည့်လုပ်ငန်းမှ လုပ်ဆောင်ခြင်းမပြုရန် ညွှန်ကြားထား ကြောင်း ကျေးရွာလယ်ယာမြေစိစစ်ရေးကော်မတီထံကသိရသည်။

စီမံကိန်းဖော်ဆောင်ခြင်းမရှိသြဖင့် မူလတောင်သူများထံ ပြန်လည်ပေးအပ်သင့်ကြောင်းကို တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ကိုယ်စား ကျေးရွာလယ်ယာမြေစိစစ်ရေးကော်မတီအဖွဲ့ဝင်ဖြစ်သည့် ဦးဌေးဝင်းက တင် ပြထားပြီး လက်ရှိအချိန်အထိ အကြောင်းအရင်းတစုံတရာ ပြန်ကြားချက်မရရှိသေး ဟုဆိုသည်။

ပြန်လည်ပေးအပ်ခြင်းမရှိသေးသည့် သိမ်းဆည်းခံမြေများမှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဂျို့ပင် ဒိုင်နယ်အုပ်စု၊ ပျဉ်ထောင်ဂျန်ဒါးကွင်းအမှတ် ၂၈၉ရှိ လယ်ယာမြေဧက ၆၂၈ဒဿမ၆၆ဧကဖြစ်ပြီး ယင်းလယ် ယာမြေအား တောင်သူ ၉၅ဦးကို တရားဝင်လုပ်ပိုင်ခွင့်(ဗရက)ပုံစံ၊ R1 ပြေစာတို့ရရှိထားကာ မြေပဲ၊ နှမ်း၊ အ စေ့ထုတ်ပြောင်း၊ ဂုံလျှော်တို့ကို အဓိကထားစိုက်ပျိုးခဲ့ကြောင်းသိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly