မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ကွယ်လွန်မှု ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်

မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ကွယ်လွန်မှု ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ပြုလုပ်

ဒီဇင်ဘာ ၁၇။         ။ မြောက်ကိုရီးယားတွင် ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ကွယ်လွန်မှု ရှစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားများကို ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပြုလုပ်ခဲ့ကြသည်။

ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ကွယ်လွန်မှု ရှစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားပြည်သူများသည် မန်ဆူတောင်ရှိ ကင်အီဆွန် နှင့် ကင်ဂျံုအီ ရုပ်တုများ ထံသို့ လာရောက်ဦးညွတ်ဂါရဝပြုခြင်း၊ ပန်းစည်းချခြင်းတို့ လုပ်ဆောင်ကြသည်။

မြောက်ကိုရီးယား လက်ရှိခေါင်းဆောင် ကင်ဂျုံအန်းသည်လည်း ယင်းနေ့မှာပင် ဖခင်ဖြစ်သူ ကင်ဂျံုအီ ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြံုယမ်းမြို့ရှိ ဂူဗိမ္မာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။

ကင်ဂျုံအီသည် အဆိုပါ ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံကို ၁၇ နှစ်တာ အုပ်ချုပ်သွားခဲ့သူ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly