ဂမ်ဘီယာသမ္မတ ကတိအတိုင်း နုတ်ထွက်ရေး လူထောင်သောင်းများစွာ ချီတက်ဆန္ဒပြ

ဂမ်ဘီယာသမ္မတ ကတိအတိုင်း နုတ်ထွက်ရေး လူထောင်သောင်းများစွာ ချီတက်ဆန္ဒပြ

ဒီဇင်ဘာ ၁၇။          ။ ဂမ်ဘီယာနိုင်ငံ မြို့တော် ဘိုင်ဂျူတွင် ဒီဇင်ဘာ ၁၆ ရက်က လမ်းများပေါ်၌ ထောင်သောင်းချီသော ဆန္ဒပြသူများက သမ္မတ အက်ဒါမာဘာရိုး နုတ်ထွက်ရေးအတွက် ချီတက်တောင်းဆို ဆန္ဒပြကြသည်။

ရာထူးတာဝန် သုံးနှစ် ထမ်းဆောင်ပြီးပါက နုတ်ထွက်မည်ဟု သမ္မတ ဘာရိုးက ယခင် ကတိကဝတ် စကား ရှိထားရာ နုတ်ထွက်ကတိအတိုင်း နုတ်ထွက်ပေးရေး တောင်းဆိုကြခြင်း ဖြစ်သည်။

အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာတွင် ၂၀၁၆ ရွေးကောက်ပွဲများအတွင်း သမ္မတ ဘာရိုးသည် ကာလကြာမြင့်စွာ အုပ်ချုပ်ခဲ့သော သမ္မတ ယာဟာဂျမ်မက်ရှ်ကို အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ယင်းအချိန်က ၎င်းသည် သုံးနှစ်တာ အုပ်ချုပ်ပြီးနောက် နုတ်ထွက်မည်ဟု ကတိပေးခဲ့သော်လည်း ယင်းနောက်ပိုင်း၌ သမ္မတ သက်တမ်းပြည့်သည့်အထိ ၂၀၂၁ တိုင်အောင် ရာထူးတာဝန် ဆက်လက်ထမ်းဆောင်မည်ဟု ပြောလာခြင်းဖြစ်သည်။

ဘိုင်ဂျူမြို့တော်တွင် အသက်အရွယ်စုံ ပါဝင်သော ဆန္ဒပြသူ တစ်သောင်းနီးပါးက ရက်ဂေးအဆိုတော် ဘော့မာလီ၏ သံစဉ်အလိုက်အတိုင်း “သုံးနှစ်တာ၊ သုံးနှစ်တာ”ဆိုသည့် ကြွေးကြော်သံများကို ဟစ်ကြွေးကြသည်။

ဘာရိုး၏ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း စည်းမျဉ်းလုပ်ပိုင်ခွင့်အရ သမ္မတအနေဖြင့် ယာယီအစိုးရအဖွဲ့အား သုံးနှစ်တာ ဦးဆောင်ရပြီး ယင်းနောက်တွင် ရွေးကောက်ပွဲများ ခေါ်ယူပေးရကာ ဆက်လက် အုပ်ချုပ်ပိုင်ခွင့် မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly