ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင် ဖိလစ်ပိုင်တောင်ပိုင်းတွင် လှုပ်

ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင် ဖိလစ်ပိုင်တောင်ပိုင်းတွင် လှုပ်

ဒီဇင်ဘာ ၁၅။           ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် ဒီဇင်ဘာ ၁၅ ရက်က ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ အားပြင်းငလျင်တစ်ခု လှုပ်ခဲ့ကြောင်း ဘူမိဗေဒပညာရှင်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက လူသေဆုံးစေသော ငလျင်များ လှုပ်ခဲ့သည့် အလားတူဧရိယာအတွင်း ယခု ငလျင် ထပ်မံလှုပ်ခဲ့ခြင်း ဖြစ်သည်။

ငလျင် ဗဟိုချက်သည် လူနေထူထပ်သော ဒါဗာအိုမြို့ တောင်ပိုင်းတွင် ရှိကြောင်း သိရသည်။ သို့သော် ယခု ငလျင်ကြောင့် လူသေဆုံး၊ ထိခိုက်ပျက်စီးနိုင်မှု အလားအလာ နည်းပါးနိုင်ကြောင်း အမေရိကန် ဘူမိလေ့လာရေး  အဖွဲ့က ထုတ်ပြန်သည်။

သို့သော် ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ အဆောက်အအုံ ပျက်စီးမှုများ ရှိခဲ့ကြောင်း သတင်းများ ကနဦး ထွက်ပေါ်နေလျက်ရှိသည်။

ငလျင်ကြောင့် ဆူနာမီ အန္တရာယ် မရှိကြောင်း အမေရိကန် ဘူမိလေ့လာရေး အဖွဲ့က ပြောသည်။

ဖိလစ်ပိုင်သည် ငလျင်လှုပ်မှု  အဖြစ်အများဆုံံး နယ်နမိတ်ဖြစ်သော ပစိဖိတ် မီးကွင်း နယ်နမိတ်တွင် တစိတ်တပိုင်း ပါဝင်နေသည့်အတွက် ယခုကဲ့သို့ ငလျင်လှုပ်ခြင်းမျိုးကို ဖိလစ်ပိုင်ပြည်သူများ ပုံမှန်ကြုံတွေ့နေရလျက် ရှိသည်။

အောက်တိုဘာလ သီတင်းပတ်များထဲ မင်ဒါနာအို ဧရိယာအတွင်း ပြင်းအား ၆ ဒသမ ၀ အထက် ကျော်သည့် ငလျင်သုံးခု လှုပ်ခဲ့ပြီး လူ ဒါဇင်နှင့်ချီ သေဆုံးကာ အဆောက်အအုံပျက်စီးမှုများလည်း အကြီးအကျယ် ကြုံတွေ့ထားခဲ့ရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly