စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ လိုက်ပါသည့် ယာဉ်တန်း မတော်တဆမှု ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ လိုက်ပါသည့် ယာဉ်တန်း မတော်တဆမှု ဖြစ်ပွား

မန္တလေး၊ ဒီဇင်ဘာ ၁၅။          ။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ လိုက်ပါသည့် ယာဉ်တန်းသည် ရွှေဘိုမြို့ အဝင်၌ ယာဉ် လေးစီး ဆင့်ကဲယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း စစ် ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကံဇာမုံက မဇ္ဈိမကို အတည်ပြု ပြော သည်။

အစိုးရအဖွဲ့သည် ဒီဇင်ဘာ ၁၅ (ယနေ့) နံနက်ပိုင်းက ကောလင်းမြို့တွင် ပြုလုပ်မည့် တွေ့ဆုံပွဲ အခမ်းအနားသို့ သွားစဉ် ရွှေဘိုမြို့အနီးတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကောလင်းမြို့ အခမ်းအနားကိုသွားတာပါ။ရွှေဘိုမြို့အဝင်မှာဖြစ်တယ်။ရှေ့က ကားရပ်လိုက်တော့ ဘရိတ်အုတ်တာ မမိလိုက်လို့ လေးစီးတိုက်သွားတယ်။လေးစီးက ဆက်တိုက် တိုက်ခဲ့တာ။ ဒဏ်ရာရတာမရှိဘူး။ ကားတွေ နည်းနည်းပါးပါးပျက်စီးတယ်”ဟု လမ်းကြောင်းတွင် ပါဝင်ခဲ့သည့် ဝန်ကြီးဦးကံဇာမုံကပြောသည်။

အဆိုပါ တိုက်မှုဖြစ်သည့် ယာဉ်တန်းတွင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ဦးဆောင်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ လိုက်ပါခဲ့ကြခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း၌ လူထုတွေ့ဆုံပွဲများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အင်းတော်မြို့နှင့် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကသာမြို့တို့တွင် လူထု တွေ့ဆုံပွဲများပြုလုပ်သွားမည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly