နယူးဇီလန် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၈ ဦးထိ ရှိလာ

နယူးဇီလန် မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၈ ဦးထိ ရှိလာ

ဒီဇင်ဘာ ၁၅။            ။ နယူးဇီလန်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က ကျွန်းဖြူမီးတောင် ပေါက်ကွဲခဲ့ပြီးနောက် သေဆုံးသူ ဦးရေသည် ဒီဇင်ဘာ ၁၅ ရက်အထိ ဆိုပါက ၁၈ ဦးအထိ မြင့်တက်လာခဲ့ပြီ ဖြစ်ကြောင်း အာဏာ ပိုင်များက ပြောသည်။

သေဆုံးသူများအနက် အလောင်းနှစ်လောင်းကို ယခုအချိန်အထိ ရှာမတွေ့သေးသည့်အတွက် ပြန်မသယ်ရသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပေါက်ကွဲမှုဖြစ်ခဲ့သည့် မီးတောင်ရှိရာ ကျွန်းပေါ်ကနေ အလောင်းများ ပြန်လည်သယ်ယူရေး ကြိုးပမ်းနေသည့် အဖွဲ့သားများအနေဖြင့်  အဆိုပါ ကျန်ရှိနေသည့် အလောင်းနှစ်လောင်းကို ရှာမတွေ့သေးသည့်အတွက် ဒီဇင်ဘာ ၁၅ ရက်တွင်လည်း ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ကျွန်းဖြူမီးတောင်ပေါက်ကွဲမှုကြောင့်  ဆိုးရွားသည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့သူ ၂၉ ဦးခန့်သည်လည်း ဆေးရုံတွင် ကြပ်မတ်ကုသမှု ခံယူနေရဆဲဖြစ်သည်။

မီးတောင်ပေါက်ကွဲခဲ့ချိန်က အဆိုပါ ကျွန်းဖြူပေါ်တွင် လူပေါင်း ၄၇ ဦးအထိ ရှိနေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ သေဆုံးသူဦးရေမှာ ၁၈ ဦးထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

လာမည့် အပတ် ဒီဇင်ဘာ ၁၆ ရက်တွင်မူ အဆိုပါ မီးတောင်ပေါက်ကွဲမှု တစ်ပတ်ပြည့်မြောက်မှုအဖြစ် နယူးဇီလန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်မှု ကျင်းပသွားမည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly