ဆူဒန်သမ္မတဟောင်း ဘာရှား အကျင့်ပျက်ခြစားမှုအတွက် ၂ နှစ် ထိန်းသိမ်းခံရမည်

ဆူဒန်သမ္မတဟောင်း ဘာရှား အကျင့်ပျက်ခြစားမှုအတွက် ၂ နှစ် ထိန်းသိမ်းခံရမည်

ဒီဇင်ဘာ ၁၅။           ။ ဆူဒန် သမ္မတဟောင်း အိုမာ အယ်လ် ဘာရှားအား အကျင့်ပျက်ခြစားမှုအတွက် လူမှုဆိုင်ရာ ပြန်လည်ပြုပြင်ရေး စင်တာတွင် နှစ်နှစ် ထိန်းသိမ်းထားရန် တရားရုံးက ဒီဇင်ဘာ ၁၄ ရက်တွင် အမိန့်ချမှတ် လိုက်သည်။

ယခု အမိန့်ချမှတ်မှုသည် ဖြုတ်ချခံ ဆူဒန်ခေါင်းဆောင်ဟောင်းအား စွဲဆိုထားသည့် ပြစ်မှုများအနက် ပထမဆုံးတစ်ခုကို စီရင်ချက်ချမှတ်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံကို ဆယ်စုနှစ် သုံးစုကြာ အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဆန်သော ခေါင်းဆောင်ဟောင်း ဘာရှားအား ဆန့်ကျင်သော လူထုဆန္ဒပြပွဲများ လနှင့်ချီ ပေါ်ပေါက်ခဲ့သည်။

ယင်းနောက် ဘာရှားသည်လည်း ပြီးခဲ့သည့် ဧပြီလက စစ်တပ်၏ ရာထူးဖယ်ရှားခြင်းကို ခံခဲ့ရသည်။

ဒီဇင်ဘာ ၁၃ ရက် တရားရုံး အမိန့်ချမှတ်မှုတွင် ရိုးရာ ဝတ်စုံများ ဝတ်ဆင်ထားသည့် ဘာရှားသည် သတ္ထုလှောင်အိမ်တစ်ခုထဲတွင် ရှိနေရင်း ရောက်ရှိနေခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

၎င်းအား အကျင့်ပျက်ခြစားမှု၊ နိုင်ငံခြားငွေကြေး ပိုင်ဆိုင်မှု တို့ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း စွဲချက်များက အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း တရားသူကြီး ဆာဒစ် အဗ္ဘဒယ်ရာမန်က ပြောသွားသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly