ကျောင်းသူများ ဒေါက်ဖိနပ်ဖြင့် လိင်ညှို့အားပြင်းပြင်း လမ်းလျှောက်တတ်အောင် ကျောင်းများက သင်ကြားပေးသင့်

ကျောင်းသူများ ဒေါက်ဖိနပ်ဖြင့် လိင်ညှို့အားပြင်းပြင်း လမ်းလျှောက်တတ်အောင် ကျောင်းများက သင်ကြားပေးသင့်

ဘူခါရက်၊ အောက်တိုဘာ-၂၃ ။          ။ ရိုမေးနီးယား ပညာရေးဌာနအရာရှိတစ်ယောက်မှာ ကျောင်းများက မိန်းမပျိုကလေးများအား ဒေါက်မြင့်ဖိနပ်များဖြင့် မည်သို့ လိင်ဆွဲဆောင်မှုရှိရှိ လမ်းလျှောက် ရမည်ကို သင်ကြားပေးသင့်သည်ဟု အကြံပြုသောကြောင့် နှုတ်ထွက်လိုက်ရသည်။

အောက်တိုဘာ ၂၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဗာဆိုင်း ဆာလာရုက ရိုမေးနီးယားကျောင်းများအနေဖြင့် ကျောင်းသူများကို ဒေါက်မြင့်ဖိနပ်ဖြင့် မည်သို့လမ်းလျှောက်ရမည်၊ တန်ဂိုကို မည်သို့ကရမည်၊ ဘယ်ပုံ ဖျော်ဖြေသူကောင်းတစ်ယောက်ဖြစ်ရမည်၊ လူထဲသူထဲတွင် မည်သို့ ဆွဲဆောင်မှုရှိရှိ လမ်းလျှောက်ရမည်ကို သင်ကြားပေးသင့်သည်ဟု ပြောကြားခဲ့သည်။

ယောကျာ်းလေးတွေ မေ့မျောသွားကြပါစေ။ မိန်းခလေးတွေဟာ တင်တွေ၊ ရင်တွေ အစွမ်းကုန်ထုတ်ပြီး လမ်းလျှောက်ကြရမယ်ဟု ဆာလာရုက ပြောကြားခဲ့သည်။

ကျောင်းသားအဖွဲ့အစည်း အတော်များများက သူ၏ အကြံပြုချက်ကို ဆန့်ကျင်ကြပြီး နှုတ်ထွက်ပေးရန် တောင်းဆိုကြသည်။ သူ၏အကြံပြုချက်ကို အမျိုးသား ခွဲခြားမှုဆန့်ကျင်ရေး ကောင်စီသို့လည်း တိုင်တန်းခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနတွင် အတွင်းဝန်ဖြစ်သည့် ဆာလာရုက ပါတီကို မထိခိုက်စေချင်ဟုဆိုကာ အောက်တိုဘာ ၂၂ရက်နေ့တွင် နှုတ်ထွက်ပေးခဲ့သည်။ သို့ရာတွင် သူ၏ အလွတ်သဘာမှတ်ချက်ကို ကိုယ်မလိုရာဆွဲ၍ ကိုးကားခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly