ဒီဇင်ဘာ ၁၃ ။ ။ အမျိုးသားအင်္ဂါနှင့် ဆင်တူသည့် ပင်လယ်သန်ကောင်ပေါင်း ထောင်ပေါင်းများစွာတို့ ကယ်လီဖိုးနီးယား ကမ်းခြေတွင် အစုလိုက်အပြုံလိုက် ပေါ်လာခဲ့ကြောင်း သိရသည်။
“Penis Fish” ဟု ခေါ်ကြသည့် အဆိုပါ သန်ကောင်များသည် ပုံမှန်အားဖြင့် သဲသောင်မြေအောက် လှိုဏ်တူးကာ နေထိုင်တတ်ကြသော်လည်း မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းများကြောင့် သဲမြေလွှာများကို တိုက်စားခံလိုက်ရပြီး အဆိုပါ ပင်လယ်သန်ကောင်းများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မကြာသေးခင်က ကယ်လီဖိုးနီးယား မြောက်ပိုင်း ဆောင်းဥတု မုန်တိုင်းများ ဝင်ရောက်ပြီးနောက် အမျိုးသား အင်္ဂါနှင့် ဆင်သော ပန်းရောင် သတ္တဝါကောင်ရေ ထောင်ပေါင်းများစွာတို့သည် ဆန်ဖရန်စစ္စကို၏ မြောက်ဘက် မိုင် ၅၀ အကွာ ကမ်းခြေတစ်ခုတလျှောက် တလှုပ်လှုပ် တရွရွဖြင့် ပေါ်နေခဲ့သည်ကို တွေ့ခဲ့ရကြောင်း Bay Nature မဂ္ဂဇင်းက ဖော်ပြသည်။
အဆိုပါ မဂ္ဂဇင်း၏ ဖော်ပြချက်အရ ယင်း အရှည် ၁၀ လက်မခန့်ရှိ သတ္တဝါများသည် ပြည့်ဖောင်းသည့် သန်ကောင်များ ဖြစ်ပြီး ယင်းတို့ကို အရပ်သုံးစကားအရ penis fish ဟု ခေါ်ကြသည်ဟု ဖော်ပြထားသည်။