ပျောက်ဆုံး စစ်ဘက်လေယာဉ် ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူမရှိဟု ချီလီ အတည်ပြု

ပျောက်ဆုံး စစ်ဘက်လေယာဉ် ပျက်ကျသွားခဲ့ခြင်းဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူမရှိဟု ချီလီ အတည်ပြု

ဒီဇင်ဘာ ၁၃ ။       ။ ပြီးခဲ့သည့် ရက်ပိုင်းက လူ ၃၈ ဦးလိုက်ပါသွားပြီး ပျံသန်းရင်း ပျောက်ဆုံးသွားခဲ့သည့် စစ်လေယာဉ်သည် ပင်လယ်ပြင်တွင်း ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ချီလီ အစိုးရက ဒီဇင်ဘာ ၁၂ ရက်က အတည်ပြု ထုတ်ပြန်သွားသည်။

တချိန်တည်းမှာပင် ယင်းလေယာဉ် ပျက်ကျခဲ့ပြီး အသက်ရှင် ကျန်ရစ်သူများလည်း မရှိဘဲ လေယာဉ်ပေါ် ပါရှိသွားသူ အားလုံး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ချီလီ တာဝန်ရှိသူများက ပြောသည်။

ယမန်နေ့က ပင်လယ်ပြင်တွင်း ရှာတွေ့ထားခဲ့သည့် အပျက်အစီး အပိုင်းအစ များသည် အဆိုပါ စစ်ဘက်လေယာဉ်မှ အပျက်အစီးများဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြုနိုင်ခဲ့ပြီးနောက် ချီလီ အာဏာပိုင်များက အထက်ပါ သတင်းဆိုးကို ထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်။

“ ခု တွေ့ရှိထားရတဲ့ လေယာဉ် အပျက်အစီးတွေကိုကြည့်ခြင်းအားြဖင့် ဒီ ဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်သူတွေလည်း မရှိနိုင်တော့ဘူးဆိုတာကို သိလိုက်ရပါပြီ” ဟု ချီလီ လေတပ် အကြီးအကဲ အာတူတို မာရီနိုက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောသွားခဲ့သည်။

ခရီးသည် ၂၁ ဦး၊ အမှုထမ်း ၁၇ ဦးတို့ လိုက်ပါသွားသည့် ချီလီ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က အန္တာတိကရှိ စစ်စခန်းတစ်ခုဆီ ပျံသန်းသွားရင်း လမ်းတွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကာ ယခုအခါကျမှ ပျက်ကျကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly