အမြန်နှုန်း စံချိန်သစ် တင်နိုင်မည့် ကားကို စမ်းသပ်နေ

အမြန်နှုန်း စံချိန်သစ် တင်နိုင်မည့် ကားကို စမ်းသပ်နေ

ဒီဇင်ဘာ ၁၂ ။          ။ ကုန်းမြေပေါ်တွင် တစ်နာရီ မိုင် ၇၆၀ နှုန်းထက် ကျော်လွန်သည့်  အမြန်နှုန်း စံချိန်တစ်ခုဖြင့် မောင်းနှင်နိုင်မည့် ကားတစ်စီးကို ဗြိတိန် အင်ဂျင်နီယာအဖွဲ့တစ်ခုက စမ်းသပ်လျက် ရှိသည်။

ဗြိတိန်နိုင်ငံမှ အင်ဂျင်နီယာများ၊ စက်ပြင်ပညာရှင်များ ပါဝင်သည့်အဖွဲ့တစ်ခုသည်  ယခုအခါ တောင်အာဖရိက ကာလာဟာရီ သဲကန္တာရထဲတွင် အဆိုပါ စမ်းသပ်မှုကိုလုပ်ဆောင်နေခဲ့သည်မှာ ယခုဆိုလျင် သီတင်းပတ် ခြောက်ပတ်အထိ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။

၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ကုန်းမြေပေါ်တွင် အမြန်နှုန်း စံချိန်သစ်တစ်ရပ်ဖြင့် သွားနိုင်မည့် ကားတစ်စီးကို တည်ဆောက်ရန် ဖြစ်သည်။

Bloodhound ဟု အမည်ပေးထားသော ခဲတံပုံစံ ရှည်မျောမျော ခပ်ချွန်ချွန် ကားတစ်စီးကို အဆိုပါ သဲကန္တာရထဲတွင် စမ်းသပ်မောင်းနှင်နေကြခြင်း ဖြစ်သည်။

အဆိုပါ ကားနှင့်အတူ လက်ရှိ ကုန်းမြေပေါ်တွင် မြန်နှုန်းအမြင့်ဆုံး စံချိန်ဖြစ်သည့် တစ်နာရီ ၇၆၀ မိုင် ( တစ်နာရီ ၁,၂၂၃ ဒသမ ၆၅၇ ကီလိုမီတာ) နှုန်း စံချိန်ကို ကျော်ဖြတ်နိုင်ရန် အဆိုပါ အဖွဲ့က ကြိုးပမ်းလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly