အာဂျင်တီးနားတွင် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆို

အာဂျင်တီးနားတွင် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆို

ဒီဇင်ဘာ ၁၁။      ။ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ အာဂျင်တီးနား ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် အယ်လ်ဘာတို ဖာနန်ဒက်ဇ်သည် ဒီဇင်ဘာ ၁၀ ရက်က နိုင်ငံ၏ တရားဝင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

အလားတူ သမ္မတသစ် အယ်လ်ဘာတို ဖာနန်ဒက်ဇ် ကျမ်းကျိန်ပြီးနောက် မြို့တော် ဗျူနိုအေးရိစ်တွင် အာဂျင်တီးနား အစိုးရအဖွဲ့သစ် အဖွဲ့ဝင် ဝန်ကြီးများလည်း ကျမ်းကျိန်ခဲ့ကြသည်။

သမ္မတသစ် ဖြစ်လာသော ဗဟိုလက်ဝဲယိမ်းဝါဒီ ဖာနန်ဒက်ဇ်က ၎င်း၏ လက်ထက်တွင် ပြည်ပကြွေးမြီများ ပြန်လည်ပေးဆပ်ခြင်းထက် ပြည်သူများ၏ အရေးကို ပိုမို ဦးစားပေးသွားမည်ဟု ကြုံးဝါးသွားခဲ့သည်။

အာဂျင်တီးနားသမ္မတသစ် ဖာနန်ဒက်ဇ် ဦးဆောင်သော အစိုးရအနေဖြင့် စီးပွားရေး ဆုတ်ယုတ်မှု၊ ငွေဖောင်းပွနှုန်း မြင့်တက်မှု၊ အလုပ်လက်မဲ့မှုနှုန်း မြင့်မားမှု၊ ဆင်းရဲနွမ်းပါးမှု တို့ ပတ်ချာဝိုင်းနေသည့် နိုင်ငံကို ဦးဆောင်သွားကြရတော့မည်ဖြစ်သည်။

၎င်း၏ လက်ထက်တွင် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ပြည်ပကြွေးမြီများ ပေးဆပ်ရန် မဖြစ်နိုင်ကြောင်း ဖာနန်ဒက်ဇ်က ပြောသွားသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly