ဆော်ဒီကျောင်းသားများအား စစ်သင်တန်းပေးမှုဆိုင်းငံ့ရန် ပန်တဂွန်ထုတ်ပြန်

ဆော်ဒီကျောင်းသားများအား စစ်သင်တန်းပေးမှုဆိုင်းငံ့ရန် ပန်တဂွန်ထုတ်ပြန်

ဒီဇင်ဘာ ၁၁။      ။ ပြီးခဲ့သည့်အပတ်က အမေရိကန်ရေတပ်စခန်း၌ ဆော်ဒီအာရေဗျကျောင်းသားတစ်ဦးမှ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆော်ဒီကျောင်းသားများအတွက် စစ်သင်တန်းခေတ္တဆိုင်းငံ့ထားရန် ဒီဇင်ဘာ ၁၀ ရက်က ပန်တဂွန်စစ်ဌာချုပ်မှ ကြေညာချက်ထုတ်ပြန်သည်။

ဒီဇင်ဘာ ၆ ရက်နေ့က ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာရေတပ်စခန်း၌ ဆော်ဒီသင်တန်းသားတစ်ဦးသည် စာသင်ခန်းအတွင်း ပစ်ခတ်ခဲ့မှုကြောင့် လူသုံးဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။  ထိုဖြစ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုတွင် စစ်သင်တန်းဆင်းနေသော ဆော်ဒီကျောင်းသားများအားလုံးကို သင်တန်းပေးမှု ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

ပန်တဂွန်ဌာနမှ အရာရှိများသည် အမေရိကန်ပြည်ထောင်စုတွင် လတ်တလော သင်တန်းဆင်းနေသော ဆော်ဒီကျောင်းသားအရေအတွက်ကို မထုတ်ပြန်ဘဲ နိုင်ငံတကာမှ စစ်ဘက်ဆိုင်ရာကျောင်းသားပေါင်း ၅၀၀၀ နှင့် ၅၁၀၀ ကြား ရှိကြောင်းသာပြောသည်။

Glock 9 mm ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ဆော်ဒီလေတပ်အရာရှိ Alshamrani သည် ပစ်ခတ်မှု မဖြစ်ခင်က အမေရိကန်ပြည်ထောင်စုကို ယုတ်မာရက်စက်သည့်နိုင်ငံ အဖြစ် တွစ်တာတွင် ရေးသားခဲ့သေးသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ အရင်းနှီးဆုံးမဟာမိတ်များထဲမှ တစ်နိုင်ငံဖြစ်သည်။ ဆော်ဒီဘုရင်ဆယ်လ်မန်က အဆိုပါပစ်ခတ်မှုကို စက်ဆုပ်ဖွယ်ကောင်းသည့် ရာဇဝတ်မှု အဖြစ် ရှုတ်ချခဲ့ပြီး သေနတ်သမားသည် ၎င်းတို့ဆော်ဒီပြည်သူများကို ကိုယ်စားမပြုကြောင်း ပြောကြားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly