ချက် နိုင်ငံ ဆေးရုံတစ်ရုံမှာ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး

ချက် နိုင်ငံ ဆေးရုံတစ်ရုံမှာ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး

ဒီဇင်ဘာ ၁၀။             ။ ချက်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်း အော့စ်ထရာဗာမြို့က ဆေးရုံတစ်ရုံတွင် ဒီဇင်ဘာ ၁၀ ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ခြောက်ဦး သေဆုံးခဲ့ကြောင်း အစိုးရက ပြောသည်။

အဆိုပါ သံသယရှိ သေနတ်သမားသည်လည်း ယင်းပစ်ခတ်မှုကို ကျူးလွန်ပြီးနောက် ၎င်းကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

“ ကျွန်တော်တို့ သေနတ်သမားကို တွေ့ထားပြီးပါပြီ၊ အသက် ၄၂ နှစ်အရွယ် ဒီအမျိုးသားဟာ ရဲတွေ မရောက်ခင် သူကိုယ်သူ ပြန်ပစ်ပြီး အဆုံးစီရင်သွားတာပါ” ဟု ချက် ရဲတပ်ဖွဲ့က ပြောသည်။

ယခု တိုက်ခိုက်မှုသည် ယင်းနိုင်ငံတွင် အဆိုးဝါးဆုံး သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်လာခဲ့သည်။

အဆိုပါ သေနတ်ပစ်ခတ်မှုသည် အော့စ်ထရာဗာမြို့ တက္ကသိုလ် ဆေးရုံတွင် ဒေသစံတော်ချိန် မနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဂျန် ဟာမာဆက်ခ်က ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly