ဒီဇင်ဘာ ၁၀ ။ ။ ယူကရိန်း အရှေ့ပိုင်းက စစ်ပွဲကို အဆုံးသတ်စေရန် ရည်ရွယ်သည့် အဓိက ထိပ်သီးအစည်းအဝေးတစ်ခုကို ဒီဇင်ဘာ ၉ ရက်က ပါရီမြို့တွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးအရ ယူကရိန်း အရှေ့ခြမ်း အပစ်ရပ်စဲရေး ဖော်ဆောင်သွားရေးအတွက် သဘောတူညီချက် ရခဲ့ကြောင်း သိရသည်။
အလားတူ လာမည့် ၂၀၂၀ မတ်လ မတိုင်ခင် ပဋိပက္ခဇုန်များထဲမှ တပ်ဖွဲ့များ ဆုတ်ခွာရေး ဆက်လက်လုပ်ဆောင်ရန်လည်း သဘောတူခဲ့ကြောင်း သိရသည်။
ယူကရိန်း ပဋိပက္ခစစ်ပွဲကို အရှိန်လျှော့ချနိုင်ရေး ရည်ရွယ်ပြီး ထိပ်သီးတွေ့ဆုံပွဲတစ်ခုကို ပါရီတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး တို့ တက်ရောက်ပြီး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။ အလားတူ ယင်းအစည်းအဝေးကို ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဂျာမနီ အဓိက အိန်ဂျဲလာ မာကဲလ်တို့က စေ့စပ်ဆွေးနွေးပေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲပြီးနောက် ပဋိပက္ခ အရှိန်လျှော့ချနိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ် လှမ်းနိုင်ခဲ့သည်ဟု ရုရှားသမ္မတက ပြောဆိုသွားသည်။
သို့သော် ယူကရိန်းသမ္မတကမူ ယခု ဆွေးနွေးပွဲကို အားမရခဲ့ကြောင်း၊ ထပ်မံဖြေရှင်းရမည့် ပြဿနာများ ရှိနေသေးကြောင်း ပြောသွားခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/