ဆစ်ဒနီတွင် အန္တရာယ်ဖြစ်စေသော မီးခိုးများဖုံးလွှမ်း

ဆစ်ဒနီတွင် အန္တရာယ်ဖြစ်စေသော မီးခိုးများဖုံးလွှမ်း

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၀။                ။ ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်တွင် တောမီးများလောင်ကျွမ်းနေမှုကြောင့် မြို့တော်ဆစ်ဒနီတွင် အန္တရာယ်ဖြစ်စေသောမီးခိုးများ ဖုံးလွှမ်းလျက်ရှိသည်။

တောမီးလောင်နေသည့်နေရာနှင့်အနီးဆုံးတွင်ရှိနေသည့် မီးသတ်ဌာနချုပ်မှဝန်ထမ်းများကိုလည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးထားရသည်။ အနံ့ဆိုးသည့်လေများကြောင့် လမ်းသွားလမ်းလာများသည် mask များအုပ်ထားရပြီး ရွက်လှေပြိုင်ပွဲများလည်း ရပ်နားထားရကြောင်းသိရသည်။

လေထုညစ်ညမ်းမှုအဆင့်မြင့်မားနေသည့်အတွက် မြို့တွင်းသယ်ယူပို့ဆောင်ရေးယာဉ်များလည်း ဖျက်သိမ်းထား ကာ ကျောင်းသားများကိုလည်း နားနေချိန်တွင် အပြင်ထွက်ခွင့် တားမြစ်ထားသည်။

 

ဒီဇင်ဘာ ၁၀ ရက် ဒီကနေ့အစောပိုင်းကလည်း နယူးဆောက်ဝေးပြည်နယ်တွင် တောမီးပေါင်း ၁၀၀ ခန့်နှင့် ကွင်းစလန်ပြည်နယ်တွင် ဒါဇင်ခန့် နေရာအနှံ့အပြား၌ လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

“ကြုံဖူးသမျှထဲမှာ အဆိုးဆုံးပဲ၊ လည်ချောင်းတွေလည်း ခြောက်တယ်၊ ပန်းနာရင်ကျပ်သမား မဟုတ်ရင်တောင်မှ အတော် ခံရခက်တယ်၊ မီးခိုးတွေကြောင့် မနက်ခင်းတိုင်း လမ်းမလျှောက်ဖြစ်တော့ဘူး” ဟု အသက် ၈၂ နှစ်အရွယ်ရှိ ဒေသခံတစ်ဦးကပြောသည်။

မီးခိုးထု ကြီးမားနေသည့်အတွက် မီးလောင်မှုအရှိန် နှေးသွားကြောင်း၊ ညနေပိုင်း လေပြင်းလာလျှင်တော့ မီးလောင်မှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း နယူးဆောက်ဝေး ကျေးလက်ဆိုင်ရာမီးသတ်ဌာနက ပြောသည်။

ဆစ်ဒနီအနောက်မြောက်ပိုင်းတွင် ရက်သတ္တပေါင်းများစွာ တောမီးများလောင်ကျွမ်းခဲ့ပြီး  မြေဧက ၃၁၉ ၀၀၀  ခန့် ပျက်စီးခဲ့ရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly