ဒီဇင်ဘာ ၈။ ။ ဟောင်ကောင် ဆန္ဒပြပွဲများ ပေါ်ပေါက်မှု ခြောက်လ တင်းတင်း ပြည့်မြောက်မှုအဖြစ် ဒီဇင်ဘာ ၈ ရက်က သိန်းနှင့်ချီသော ဒီမိုကရေစီ ဆန္ဒပြသူ လူအုပ်စုကြီးသည် မြို့တွင်း လမ်းများပေါ် စုရုံးချီတက် ခဲ့ကြသည်။
၎င်းတို့၏ ဒီမိုကရေစီ အရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခြင်း နှစ်ဝက်တာ ကြာမြင့်မှု အထိမ်းအမှတ်ကို ထောက်ခံအားပေးသည့်အနေဖြင့် ယခုကဲ့သို့ စုဝေးချီတက်ပြီး အင်အားပြသခဲ့ခြင်းလည်း ဖြစ်သည်။
တချိန်တည်းမှာပင် ပေကျင်းအစိုးရ လိုလားသော ဟောင်ကောင် ခေါင်းဆောင်များတွင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်စေနိုင်မည့် နောက်ဆုံးအခွင့်အရေးတစ်ခုသာ ရှိနေကြောင်း ယခု စုဝေးပွဲ စီစဉ်သူများက သတိပေးလိုက်သည်။
ယခု တကြိမ် လမ်းပေါ် လူအုပ်စုကြီး စုဝေးချီတက်လာခြင်းသည် လများစွာအတွင်း အကြီးဆုံးသော လူထုစုဝေးပွဲကြီးတစ်ခုလည်း ဖြစ်လာဖွယ် ရှိနေသည်။
ပြီးခဲ့သည့် ဇွန်လက စခဲ့သည့် ဟောင်ကောင်ဆန္ဒပြပွဲများသည် ယခုဆိုလျင် ခြောက်လ ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း နှစ်ဘက်အကြား ပြေလည်မှု မရသေးဘဲ အကျပ်အတည်းအောက်သာ ကျရောက်နေဆဲဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/