ကမ္ဘာ့အကောင်းဆုံးနည်းပြဆုထက် ဘာစီလိုနာနှင့်ဆုဖလား ရရန်ကိုသာ အာရုံစိုက်ထားဟု အင်းနရစ် ပြော

ကမ္ဘာ့အကောင်းဆုံးနည်းပြဆုထက် ဘာစီလိုနာနှင့်ဆုဖလား ရရန်ကိုသာ အာရုံစိုက်ထားဟု အင်းနရစ် ပြော

အောက်တိုဘာ ၂၂၊ စပိန်။            ။ ဘာစီလိုနာအသင်းနည်းပြ လူးဝစ္စအင်းနရစ်က ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုထက် ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံဆုဖလားများ ထပ်မံရရှိရန်ကိုသာ အာရုံစိုက်ထားကြောင်း ပြောဆိုလိုက်သည်။

အသက် ၄၅ နှစ်အရွယ်ရှိ လူးဝစ္စအင်းနရစ်သည် ပြီးခဲ့သည့် ရာသီက ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနှင့် ကိုပါဒယ်ရေးဖလားတို့ကို ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းသမိုင်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် တစ်နှစ်အတွင်း အဆင့်မြင့်ဆုံးဆုဖလားသုံးလုံး ရယူပေးနိုင်သည့်အတွက် အင်းနရစ်မှာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဆန်ခါတင် ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့ပြီး ဆုရရှိရန် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။

၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သူများမှာ အယ်လီဂရီ(ဂျူဗင်တပ်စ်)၊ အန်စလော့တီ(ရီးယဲလ်)၊ လောရင့်ဘလန့်(ပီအက်စ်ဂျီ)၊ အမ်မရီ(ဆီဗီလာ)၊ ဂွါဒီယိုလာ(ဘိုင်ယန်မြူးနစ်)၊ မော်ရင်ဟို(ချယ်လ်ဆီး)၊ အာစင်ဝင်းဂါး(အာဆင်နယ်)၊ ဆီမြွန်နီ(အက်သလက်)၊ ဆမ်ပါအိုလီ(ချီလီလက်ရွေးစင်အသင်း)နှင့် လူးဝစ္စအင်းနရစ်(ဘာစီလိုနာ)တို့ ဖြစ်သည်။

Ref ;  ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly