ဒီဇင်ဘာ ၆ ။ ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မြောက်ပိုင်း နေရာအနှံ့အပြားမှာ လောင်ကျွမ်းလျက် ရှိသည့် တောမီးများက ယခုအခါ ဧရာမတောမီးကြီးတစ်ခုအဖြစ် ပြောင်းလဲဖြစ်ပေါ်လာခဲ့ပြီး ထိန်းချုပ်၍ မရဘဲဖြစ်နေကြောင်း အာဏာပိုင်များက ပြောသည်။
တောမီးကို လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်သေးခြင်း မရှိသည့်အတွက် ပြည်သူများ သတိဖြင့် နေကြရန် အာဏာပိုင်များက ဒီဇင်ဘာ ၆ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။
ဆစ်ဒနီမြို့အနီး အဆိုပါ တောမီးကြီးသည် ဒီဇင်ဘာ ၅ ရက် ညပိုင်းကစ၍ ပိုမို အရှိန်ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
တောမီးသည် ဟက်တာပေါင်း ၃၀၀,၀၀၀ ရှိ ဧရိယာကြီးတစ်ခုလုံးကို လောင်ကျွမ်းနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ ခုချိန်မှာတော့ တောမီးတွေကို နိုင်အောင် မငြှိမ်းနိုင်သေးပါဘူး၊ အဲဒီတော့ ဒေသခံတွေအနေနဲ့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ကိုယ်ဘာသာပဲ အတတ်နိုင်ဆုံး ကာကွယ်ကြရမှာဖြစ်ပါတယ်” ဆိုပြီး နယူးဆောက်ဝေး ပြည်နယ် ကျေးလက်မီးသတ်ဌာန ဒုတိယ ကော်မရှင်နာ ရော့ဘ် ရော်ဂျာစ်က ပြောသွားသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/