ဆရာနှစ်ဦး၏ ကြမ်းကြမ်းတမ်းတမ်းပြုမူ ရိုက်နှက်မှုကို ခံခဲ့ရသည့် အသက်၁၀နှစ်အရွယ်ရှိ အော်တစ်ဇင် ကလေးငယ်သည် အဆိုပါ ဖြစ်စဉ်ဖြစ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာဘက်တွင် ထိခိုက်မှုများ ရှိလာသည်ဟု မိခင်ဖြစ်သူ ဒေါက်တာခန့်ခန့်ဝင်းရွှေက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာ၃၀ရက်နေ့က New World Therapeutic Training Center မှ ဆရာနှစ်ဦးသည် ကျောင်းသား တစ်ဦးဖြစ်သည့် အော်တစ်ဇင်ကလေးကို ရိုက်နှက်ခဲ့ခြင်းကို ကျောင်း၏ စီစီတီဗီကင်မရာက တစ်ဆင့် တွေ့မြင်ခဲ့ရခြင်း ဖြစ်ပြီး အဆိုပါ ဗီဒီဖိုင်သည် ဖေ့စ်ဘွတ်တွင် လူပြောများသည့် အကြောင်းအရာ တစ်ခုလည်း ဖြစ်လာခဲ့သည်။ ရိုက်ကူး/တည်းဖြတ်- လာဘ်ရတနာဗိုလ်
ကြမ်းကြမ်းတမ်းတမ်းပြုမူ ရိုက်နှက်မှုကို ခံခဲ့ရသည့် အော်တစ်ဇင် ကလေးငယ် စိတ်ထိခိုက်မှု ဖြစ်နေ
05 December 2019
ကြမ်းကြမ်းတမ်းတမ်းပြုမူ ရိုက်နှက်မှုကို ခံခဲ့ရသည့် အော်တစ်ဇင် ကလေးငယ် စိတ်ထိခိုက်မှု ဖြစ်နေ