ဂျပန်တွင် အလှကုန်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီမှ ကမ္ဘာ့ပထမဆုံး fibre spray cosmetic ကို မိတ်ဆက်

ဂျပန်တွင် အလှကုန်ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီမှ ကမ္ဘာ့ပထမဆုံး fibre spray cosmetic ကို မိတ်ဆက်

တိုကျို၊ ဒီဇင်ဘာ ၅ ။             ။ ဂျပန်အလှကုန်ကုမ္ပဏီ Kao သည် အလွန်ပါးလွှာသည့် Fibre ဖြင့်ပြုလုပ်ထားသော အသားရေစိုပြည်စေသည့် spray facemask ကို ဒီဇင်ဘာ ၄ ရက်နေ့က မိတ်ဆက်လိုက်ကြောင်းသိရသည်။  fibre ၏ အထူသည် လူ့ဆံချည်မျှင်အထူ၏ ၁၀၀ ပုံတစ်ပုံခန့်သာရှိပြီး ကမ္ဘာ့ပထမဆုံး အရေပြားဖျန်း facemask ဖြစ်သည်ဟု ဆိုသည်။

အသားအရေအပေါ်တွင် စုပ်ယူနိုင်သည့် လိမ်းဆေးလူးပြီးနောက် Fibre spray ဖျန်းလိုက်သည့်အခါ ပါးလွှာကြည်လင်သည့်အလွှာလေးဖြစ်ပေါ်လာပြီး အောက်ရှိအရေပြားအတွက် အစိုဓာတ်ထိန်းနိုင်ရန်  ကာကွယ် ပေးထားသည်။ ဖြစ်ပေါ်လာသည့် ဒုတိယအရေပြားလွှာလေးသည် တစ်မိနစ်အကြာတွင် ခွါယူနိုင်သလို တစ်ညအိပ်အကြာလောက်ဆိုရင်တော့ ပျက်ဆီးသွားနိုင်ကြောင်း သိရသည်။

အရေပြားပေါ်မှာ အလွန်ပါးတဲ့ fibre အလွှာလေးဖြစ်ပေါ်စေတဲ့ နည်းပညာကိုသုံးဖို့ အစက မတွေးမိခဲ့ကြောင်း၊ ဘယ်လိုပစ္စည်းနဲ့လုပ်တယ်ဆိုတာကတော့ လျှို့ဝှက်ချက်ဖြစ်ကြောင်း Kao အလှကုန်ကုမ္ပဏီမှ သုတေသန ပညာရှင်များက ပြောသည်။

 

fibre နည်းပညာနဲ့ထုတ်လုပ်တဲ့ ကမ္ဘာ့ပထမဆုံး အရေပြားသုံး အလှကုန်ပစ္စည်းဖြစ်ပြီး fibre spray ဖျန်းထားတဲ့ အရေပြားက အရိပ်ရှိတဲ့ပတ်ဝန်းကျင်မှာဆို နာရီပေါင်းများစွာ လေဝင်လေထွက်ကောင်းနေနိုင်ပါတယ် ဟု skincare သုတေသနပညာရှင် မာဆာယူကီအုချိယာမက ပြောသည်။

သို့သော် ယခုကဲ့သို့ခေတ်မီနည်းပညာဖြင့် လုပ်ထားသောပစ္စည်းကို ဈေးပေါပေါဖြင့်မရနိုင်ဘဲ လက်ကိုင်အရွယ် အစား spray တစ်ဗူးလျှင် ယန်း ၅၀ ၀၀၀ (အမေရိကန် ဒေါ်လာ ၄၆၀ ခန့်) ကျကြောင်းသိရသည်။

နောင်တစ်ချိန် ဆေးပညာလောကတွင် အမာရွတ်နှင့် ချုပ်ရိုးလမ်းကြောင်းများကို ဖုံးရန် အသုံးပြုနိုင်လာမှာ ဖြစ်သည်ဟု ဆိုသည်။ cell နှင့် polymer များကို အသုံးပြုသည့် အလားတူနည်းပညာများရှိသော်လည်း Kao အလှကုန်ကုမ္ပဏီ၏ နည်းပညာနှင့်မတူကြောင်း၊ fibre ကို အဓိကအသုံးပြုထားပြီး လှုပ်ရှားရင်တောင် အလွယ်တကူ အက်သွားခြင်းမရှိကြောင်း အုချီယာမကပြောသည်။  

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly