ဘာလင်လူသတ်မှုနဲ့ ပတ်သက်ပြီး ရုရှားသံတမန်တွေကို ဂျာမနီ နှင်ထုတ်

ဘာလင်လူသတ်မှုနဲ့ ပတ်သက်ပြီး ရုရှားသံတမန်တွေကို ဂျာမနီ နှင်ထုတ်

ဘာလင်၊ ဒီဇင်ဘာ ၄ ။          ။ ဘာလင်ပန်းခြံတစ်ခုမှာ ချေချင်းညာသူပုန်တပ်မှူးဟောင်းတစ်ဦး သတ်ဖြတ်ခံရတဲ့ နောက်ကွယ်မှာ မော်စကိုရှိနေနိုင်တယ်လို့ တရားဥပဒေရေးရာ တာဝန်ရှိသူများက ပြောလိုက်ပြီးနောက် ဂျာမနီနိုင်ငံဟာ ရုရှားသံတမန်နှစ်ဦးကို ဒီဇင်ဘာ ၄ ရက်မှာ နိုင်ငံကနေ နှင်ထုတ်လိုက်ပါတယ်။

ကလိန်းနားတီယားဂါတန်ပန်းခြံမှာ ဩဂုတ် ၂၃ ရက်က အသက် ၄၀ အရွယ် ဇီလမ်ခန်ခန်ဂိုရှီဗေးဆိုသူ ဂျော်ဂျီယာနိုင်ငံသားအား ရုရှားအမျိုးသားက ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်သူသည် စက်ဘီးနင်းလာခြင်းဖြစ်ပြီး ပစ်ခတ်ပြီးချင်း စက်ဘီးကို ထားရစ် ထွက်ပြေးကာ ကျောက်ခဲများထည့်ထားသည့် ကျောပိုးအိတ်ထဲ ပစ်ခတ်သည့် သေနတ်ကို ထည့်ပြီး မြစ်ထဲ ပစ်ချခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

ဗာဒမ်အက်စ်ဟု ရဲတပ်ဖွဲ့က နာမည်ထုတ်ပြန်ထားသည့် ၎င်းကို ပစ်ခတ်မှုဖြစ်ပြီး အချိန်ပိုင်းမှာပင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ဘာလင်က ရုရှားသံရုံးမှ သံတမန်နှစ်ဦး နိုင်ငံတွင်းမှ ချက်ချင်းထွက်ခွာသွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ကြေညာချက် ထုတ်ပြန်သည်။”ဟု ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျာမနီနိုင်ငံ၏ ယခု လုပ်ရပ်ကို လက်တုံ့ပြန်သွားမည်ဟု ရုရှားက ဒီဇင်ဘာ ၄ ရက်မှာပင် ချက်ချင်းဆိုသလို တုံ့ပြန်သည်။

“လက်တုံ့ပြန်သွားမယ့် လုပ်ငန်းစဉ်တွေကို ရုရှနိုင်ငံအနေနဲ့ အင်တိုက်အားတိုက် တုံ့ပြန်သွားမှာ ဖြစ်တယ်။”ဟု အမည်ဖော်ပြရန် ငြင်းဆန်သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly