ဖုန်းအော်ပရေတာဆီ အကြိမ်ပေါင်း နှစ်သောင်းကျော် လှမ်းတိုင်တဲ့ အဘိုးအိုကို ရဲက ဖမ်းဆီး

ဖုန်းအော်ပရေတာဆီ အကြိမ်ပေါင်း နှစ်သောင်းကျော် လှမ်းတိုင်တဲ့ အဘိုးအိုကို ရဲက ဖမ်းဆီး

ဒီဇင်ဘာ ၄။            ။ ဖုန်းအော်ပရေတာဆီ အကြိမ်ပေါင်း ၂၄၀၀၀ ဖုန်းခေါ်လှမ်းတိုင်တဲ့ အသက် ၇၁ နှစ်အရွယ် အဘိုးအိုတစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့ဟာ ဖမ်းဆီးလိုက်ပါတယ်။

အကီတိုရှီအိုကာမိုတိုဆိုတဲ့ အဘိုးအိုဟာ KDDI ဖုန်းအော်ပရေတာရဲ့ free number ဆီ ရှစ်ရက်အတွက် အကြိမ်ရေ ထောင်ပေါင်းများစွာ လှမ်းဆက်ပြီး တိုင်တန်းတာဟာ ကန်ထရိုက်သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ် စွပ်စွဲပြီး ဖမ်းဆီးခိုင်းခံရတာပါ။

သူဟာ နှစ်နှစ်ခွဲ ကာလအတွင်းမှာ ကြိမ်ဖန်များစွာ ဖုန်းခေါ်ဆိုခဲ့တယ်လို့ ဖုန်းအော်ပရေတာ ကုမ္ပဏီက ပြောပါတယ်။

အဘိုးအို အိုကာမိုတိုကတော့ ကုမ္ပဏီကို အနှောင့်အယှက်ပေးတာမဟုတ်ဘူးလို့ ငြင်းပြီး သူကသာ ခံရတဲ့သူဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ပြောပါတယ်။

ရေဒီယိုအသံလွှင့်မှုတွေကို သူ့ဖုန်းကနေ ဖမ်းယူမရရှိတာကြောင့် ကန်ထရိုက်ကို KDDI ကုမ္ပဏီဖက်က ချိုးဖောက်တာဖြစ်တယ်လို့ အိုကာမိုတိုက စွပ်စွဲထားကြောင်း ဌာနေ မီဒီယာတွေမှာ ဖော်ပြပါတယ်။

အိုကာမိုတိုဟာ ဖုန်းခေါ်ဆိုပြီး ကာစတန်မာဝန်ဆောင်မှု ဝန်ထမ်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မယ် ဒါမှမဟုတ် တာဝန်ရှိသူက သူဆီ လာရောက်ပြီး တောင်းပန်ဖို့ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ တိုကျိုရဲဌာနက ပြောခဲ့ပါတယ်။

KDDI ကုမ္ပဏီဖက်ကတော့ အစပိုင်းမှာ အဘိုးအို အိုကာမိုတိုကို တရားစွဲဆိုဖို့ မရှိခဲ့ပေမယ့် သူ့ရဲ့ ကြိမ်ဖန်များစွာ ဖုန်းခေါ်ဆိုနေမှုကြောင့် အခြားကာစတန်မာတွေကို ဝန်ဆောင်မှု မပေးနိုင် ဖြစ်ခဲ့ရတာကြောင့်သာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly