ဆီးဂိမ်းပြိုင်ပွဲ ကျင်းပနေသည့် ဖိလစ်ပိုင်သို့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ဆီးဂိမ်းပြိုင်ပွဲ ကျင်းပနေသည့် ဖိလစ်ပိုင်သို့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ဒီဇင်ဘာ ၃။                 ။ ဆီးဂိမ်းပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပနေသည့် ဖိလစ်ပိုင်သို့ ဒီဇင်ဘာ ၃ ရက်တွင် အားပြင်း တိုင်ဖွန်းမုန်တိုင်း ကမ်မူရီ ဝင်ရောက်တိုက်ခတ်ရာ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

မုန်တိုင်းကြောင့်  ပြည်သူ သောင်းချီတို့သည် ယာယီခိုလှုံရေးစခန်းများသို့ သွားရောက်ခိုလှုံနေကြရပြီး မြို့တော် မနီလာတွင်လည်း လုံခြုံရေးအခြေအနေအရ နိုင်ငံတကာလေဆိပ်ကို ပိတ်ထားရန် ပြင်ဆင်နေသည်။

အားပြင်း တိုင်ဖွန်းမုန်တိုင်းသည် ဒီဇင်ဘာ ၂ ရက်နှောင်းပိုင်းက ဖိလစ်ပိုင်ကုန်းတွင်းပိုင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီး လူဦးရေ ၁၃ သန်းခန့်ရှိသည့် မနီလာမြို့၏ တောင်ပိုင်းကို ဖြတ်ကျော်သွားရန် ရှိနေသည်။

 

မနီလာမြို့တွင် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဒေသတွင်းမှ အားကစားသမား ထောင်နှင့်ချီတို့ ရှိနေသည်။

ကမ်မူရီ မုန်တိုင်းသည် လက်ရှိအချိန်တွင် ဆက်လက်အားကောင်းနေပြီး တစ်နာရီ လေတိုက်နှုန်း ၉၅ မိုင်ခန့် ရှိနေကြောင်း မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားသည်။

ယခု တိုင်ဖွန်းမုန်တိုင်းကြောင့် နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲ အစီအစဉ်များကိုပါ ကမောက်ကမ ဖြစ်စေခဲ့ပြီး ပြိုင်ပွဲ၏ ပွဲစဉ်တစ်ချို့ကို ဖျက်သိမ်းရခြင်း သို့မဟုတ် အချိန်ပြန်ပြောင်းရခြင်းတို့ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly