အာဆတ်အား လက်ခံကြိုဆို၍ ရုရှကို အမေရိကန် ပြင်းပြင်းထန်ထန်ရှုတ်ချ

အာဆတ်အား လက်ခံကြိုဆို၍ ရုရှကို အမေရိကန် ပြင်းပြင်းထန်ထန်ရှုတ်ချ

ဆီးရီးယားသမ္မတ ဘာရှာအာဆတ် ရုရှနိုင်ငံ မော်စကိုသို့ လာရောက်လည်ပတ်ခြင်းအပေါ် အမေရိကန်အိမ်ဖြူတော်က ပြင်းပြင်းထန်ထန်ရှုတ်ချသည်။

ကောဇော်နီခင်းကာ အာဆတ်အား ကြိုဆိုခဲ့သည့်အတွက် ရုရှနိုင်ငံအား ရှုတ်ချဝေဖန်လိုက်ခြင်းဖြစသည်။

ဆီးရီးယားတွင် ရုရှက အိုင်အက်စ်နှင့် အခြားစစ်သွေးကြွတို့အား လေကြောင်းထိုးစစ်ဆင်ပြီး သုံးပတ်ကြာမြင့်ပြီးသည့် အောက်တိုဘာ ၂၀ ရက်တွင် ဆီးရီးယားခေါင်းဆောင် အာဆတ်က ရုရှသို့ လာရောက်လည်ပတ်လာခြင်းဖြစ်သည်။

ယခုခရီးစဉ်သည် ဆီးရီးယားတွင် ၂၀၁၁ ခုနှစ်က ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက်ပိုင်း အာဆတ်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်လည်းဖြစ်သည်။ ထိုပြည်တွင်းစစ်ကာလအတွင်း ပြည်သူပေါင်း နှစ်သိန်းခွဲကျော်ထက်မနည်းသေဆုံးခဲ့သည်။

မော်စကိုသို့ ရောက်ရှိစဉ် အာဆတ်က ရုရှ၏ ဆီးရီးယားအရေးတွင် စစ်ရေးအရ ပါဝင်ခြင်းကို ကျေးဇူးတင်ရှိကြောင်း ဖောြ်ပခဲ့သည်။

ဆီးရီးယားနိုင်ငံတွင်း ကျယ်ပြန့်စွာ ထိခိုက်နေသည့် အစွန်းရောက်တိုက်ခိုက်မှုများကို ရုရှပါဝင်လာခြင်းဖြင့် နိဂုံးချုပ်စေကြောင်းလည်း ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly