နယူးအော်လန်းက ပြင်သစ်ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်၍ ၁၁ ဦး ဒဏ်ရာရ

နယူးအော်လန်းက ပြင်သစ်ရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်၍ ၁၁ ဦး ဒဏ်ရာရ

ဝါရှင်တန်၊ ဒီဇင်ဘာ ၂။          ။ နယူးအော်လန်းက ခရီသွာဧည့်သည်များ အလာများရာ ပြင်သစ်ရပ်ကွက်၌ ဒီဇင်ဘာ ၁ ရက် အစောပိုင်းနာရီတွင် ပစ်ခတ်တစ်ရပ်ဖြစ်ပွား၍ လူ ၁၁ ဦး ဒဏ်ရာရကြောင်း အမေရိကန်ရဲတပ်ဖွဲ့က ပြောသည်။

ထို ဒဏ်ရာရသူ ၁၁ ဦးတွင် နှစ်ဦး၏ အခြေအနေသည် စိုးရိမ်ရသည်ဟု ၎င်းတို့က ဖြည့်စွက်ဆိုသည်။

ကမ္ဘာအရပ်ရပ်က ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိသော သမိုင်းဝင်ခရိုင်အတွင်း ဟိုတယ်အများအပြားရှိရာ အနီးက လူစည်ကားရာ လမ်းတွင် နံနက် သုံးနာရီဝန်းကျင်တွင် ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

ထို ပစ်ခတ်မှုတွင် သေဆုံးသူ သတင်း မကြားသိရသေးပဲ ရဲတပ်ဖွဲ့က ပစ်ခတ်မှု ဖြစ်ပွားရာဆီ ချက်ချင်းနီးပါး ရောက်ရှိကာ တုံ့ပြန်ဆောင်ရွက်ခဲ့သည်။ ပစ်ခတ်မှုဖြစ်ရာ လမ်းကိုလည်း ပိတ်ဆို့ထားခဲ့သည်။

“ပစ်ခတ်မှု ဖြစ်ရာ လမ်းကို ပိတ်ဆို့လိုက်တယ်။ ကံခေတာက လူတွေ တော်တော်များတာကြောင့် ပစ်ခတ်မှု ကျုးလွန်သူ ဘယ်နေရာကနေ ဘယ်လို ကျုးလွန်တယ်၊ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မဖော်ထုတ်နိုင်သေးဘူး။”ဟု ရဲမှူး ရှောင်ဖာဂူဆန်က ပြောသည်။

ယခု ပစ်ခတ်မှုတွင် ဖမ်းဆီးမှု မလုပ်ဆောင်နိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည်ဟု နယူးအော်လန်း ရဲတပ်ဖွဲ့က တွစ်တာမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly