အမေရိကန်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျ၍ လူ ၉ ဦး သေဆုံး

အမေရိကန်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျ၍ လူ ၉ ဦး သေဆုံး
A file picture shows a Pilatus PC-12 single-engined aircraft similar to the one involved in the crash, in which nine people were killed (AFP Photo/FELIX KAESTLE)

ဒီဇင်ဘာ ၁။       ။ အမေရိကန်ပြည်ထောင်စု တောင်ဒါကိုတာပြည်နယ်တွင် နိုဝင်ဘာ ၃၀ ရက်က လေယာဉ်ပျက်ကျမှုတစ်ခု ကြောင့် ကလေးနှစ်ဦးအပါအဝင် လူ ကိုးဦး သေဆုံးသွားပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဆောင်းမုန်တိုင်း သတိပေးချက်တစ်ခုလည်း ထုတ်ပြန်ထားချိန် အဆိုပါ လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပန်ကာတပ်တာဘိုဂျက်အင်ဂျင် လေယာဉ်အမျိုးအစား Pilatus PC-12 သည် ချမ်ဘာလိန်း လေဆိပ်မှ တစ်မိုင်ခန့်အကွာ နေရာကနေ ပျံတက်ပြီးနောက် မကြာမီ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဖက်ဒရယ် လေကြောင်းအာဏာပိုင်အဖွဲ့ FAA က ပြောသည်။

ယင်း လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပိုင်းလော့ အပါအဝင် လူကိုးဦး သေဆုံးသွားကြောင်း သိရသည်။ လေယာဉ်ပေါ်တွင် လူ ၁၂ ဦးလိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အသက်ရှင်ကျန်ရစ်သူ သုံးဦးကို ဆေးရုံသို့ တင်ပို့ပေးထားကြောင်း သိရသည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးသမားများက စစ်ဆေးနေလျက်ရှိကြောင်း FAA က ထုတ်ပြန်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly