လန်ဒန်တံတား တိုက်ခိုက်မှု ၎င်းတို့လက်ချက်ဟု အိုင်အက်စ်အဖွဲ့ ထုတ်ဖော်

လန်ဒန်တံတား တိုက်ခိုက်မှု ၎င်းတို့လက်ချက်ဟု အိုင်အက်စ်အဖွဲ့ ထုတ်ဖော်

ဒီဇင်ဘာ ၁။        ။ လူနှစ်ဦး သေဆုံးခဲ့သည့် လန်ဒန်တံတား တိုက်ခိုက်မှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ (အိုင်အက်စ်) က နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်က ဗြိတိန်နိုင်ငံ လန်ဒန်တံတားပေါ်တွင် အမျိုးသားတစ်ဦးက ဓားဖြင့် လူများကို လိုက်ထိုးတိုက်ခိုက်ခဲ့၍ နှစ်ဦး သေဆုံးပြီး အခြား သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက်အဆိုပါ တိုက်ခိုက်သူ အမျိုးသားကို ဗြိတိန်ရဲက အသေပစ်သတ်သုတ်သင်ခဲ့ရသည်။

 

“ လန်ဒန် တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူက အိုင်အက်စ်အဖွဲ့က တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ပါတယ်၊ ဒါဟာ နိုင်ငံအများအပြား မဟာမိတ်ဖွဲ့ပြီး အိုင်အက်စ်အဖွဲ့ကို ပစ်မှတ်ထားနှိမ်နင်းနေတဲ့အပေါ် လက်တုန့်ပြန်ဆောင်ရွက် ရခြင်းဖြစ်ပါတယ်” ဆိုပြီး ယင်းအကြမ်းဖက်အုပ်စုကို လိုလားသည့် သတင်းဌာနတစ်ခုဖြစ်သည့် Amaq သတင်းအေဂျင်စီက ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၉ ရက်က ဖြစ်စဉ်တွင် ကျူးလွန်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသား အူစမန် ခန် ဆိုသူသည် ၂၀၁၂ ခုနှစ်က အကြမ်းဖက် ပြစ်မှုတစ်ရပ်ဖြင့် ထောင်ကျခဲ့ဖူးပြီး ယမန်နှစ်ကမှ ထောင်မှ ပြန်လွတ်ထားခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ယင်းအတွက် နိုင်ငံတွင်အကျဉ်းသားများအပေါ် ပြစ်ဒဏ်ချမှတ်မှုဆိုင်ရာ အစိုးရ၏ မူဝါဒများအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ယင်းအတွက် ပြန်လည်သုံးသပ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ကတိပြုသွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly