လူထုဒေါ်အမာ ၁၀၄နှစ်မြောက် မွေးနေ့ကျင်းပ

လူထုဒေါ်အမာ ၁၀၄နှစ်မြောက် မွေးနေ့ကျင်းပ
ဓာတ်ပုံ - ထက်မြတ်

မန္တလေး၊ နိုဝင်ဘာ ၂၉။              ။ မန္တလေးခရိုင်၊ အမရပူရမြို့နယ် ဦးပိန်တံတားအနောက်ဘက်ရှိ တောင်းလေးလုံးကျောင်းတိုက် သူဌေးရင်ပြင်ပေါ်တွင် သတင်းစာဆရာ၊စာရေးဆရာမကြီးလူထုဒေါ်အမ၏ ၁၀၄နှစ်မြောက်မွေးနေ့ပွဲကို ကျင်းပခဲ့သည်။

“ကမ္ဘာသမိုင်းထဲမှာ တိုင်းပြည်တစ်ခုအတွက် ပေးဆပ်ပြီးတော့ နိုင်ငံရေးမှာပါဝင်ကြတဲ့ မိသားစုတွေ ရှိတယ်။ အမေရိကန်မှာဆိုရင် ကနေဒီမိသားစုပေါ့။ အိန္ဒိယမှာဆိုရင် နေရူးမိသားစုပေါ့။ ဗမာနိုင်ငံမှ ဗိုလ်ချုပ်အောင်ဆန်း တို့မိသားစုပေါ့။ အဲဒီထက်ထပ်ပြီးတော့ ရှာလိုက်မယ်ဆိုရင် ဦးဇင်းတို့မန္တလေးမှာ လူထုမိသားစုဟာ တိုင်းပြည်အတွက် မိသားစုအလိုက်ပါဝင်လုပ်တဲ့ ဆုတစ်ခုဆိုတာ ဦးဇင်းတို့သွား တွေ့မယ်။ တိုင်းပြည်ချစ်စိတ်တွေ ဝင်လာ အောင်ရေးနိုင်ကြတဲ့ စာရေးဆရာထဲမှာ ဒကာမကြီး လူထု ဒေါ်အမာ ပါဝင်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါ တယ်” ဟု ရွှေဝါရောင်ဆရာတော်တစ်ပါး ဖြစ်သော ဆရာတော် ဦးသောဘိတ က မိန့်သည်။

အဆိုပါပွဲတွင် မန္တလေးမြို့ခံစာရေးဆရာများ၊ ကဗျာဆရာများနှင့် လူထုဒေါ်အမာအား လေးစား ချစ်ခင်ရသူများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာသည် နိုဝင်ဘာ ၂၉ရက်နေ့ ၁၉၁၅ခုနှစ်တွင် မွေးဖွားကာ ၂၀၀၈ခုနှစ် ဧပြီ ၇ရက်နေ့တွင် မန္တလေးဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly