ဘဂ္ဂဒက်၊ နိုဝင်ဘာ ၂၈ ။ ။ အီရတ်နိုင်ငံတွင် လူပေါင်း ၃၅၀ ကျော် သေဆုံးသည့် ဆန္ဒပြမှုများ လချီဖြစ်ပွားနေရာတွင် နိုဝင်ဘာ ၂၇ ရက်၌ နာဂျက်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးကို အီရတ်ဆန္ဒပြသူများက မီးတင်ရှို့ကြသည်။
မြို့၏ တောင်ပိုင်းတွင် ရှိသော အဆိုပါ ကောင်စစ်ဝန်ရုံးဝင်ပေါက်တွင် မီးတောက်များ အရှိန်တညီးညီဖြင့် လောင်ကျွမ်းနေပြီး မီးခိုးလုံးများ ကောင်းကင်သို့ လွှင့်တက်နေသည်ကို မြင်တွေ့ရသည်။
“အီရတ်တို့ အောင်ပွဲခံ”၊ “အီရန်တွေ ထွက်သွားကြ”ဆိုသည့် ကြွေးကြော်သံများကို ဆန္ဒပြသူများက ဟစ်ကြွေးကြသည်။
နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုများနှင့် အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုသည့် နှစ်လနီးပါး ကြာမြင့်ပြီဖြစ်သော ဆန္ဒပြမှုများသည် ရံဖန်ရံခါဆိုသလို ဆူပူအကြမ်းဖက်မှုအသွင် ကူးပြောင်းသည်။
အဆိုပါ ဆန္ဒပြမှုများအတွင်း လူပေါင်း ၃၅၀ ကျော် သေဆုံးကာ ဒဏ်ရာရသူပေါင်း ၁၅၀၀၀ ကျော်မက ရှိနေသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/