လန်ဒန်သို့တရားမဝင် ဝင်ရောက်စဉ် သေဆုံးသွားခဲ့သည့် ဗီယက်နမ်နိုင်ငံသား ရုပ်အလောင်းများကို နေရပ်ပြန်သယ်

လန်ဒန်သို့တရားမဝင် ဝင်ရောက်စဉ် သေဆုံးသွားခဲ့သည့် ဗီယက်နမ်နိုင်ငံသား ရုပ်အလောင်းများကို နေရပ်ပြန်သယ်

ဟနွိုင်း၊ နိုဝင်ဘာ ၂၇။          ။  ပြီးခဲ့သည့် အောက်တိုဘာလက  ဗြိတိန်နိုင်ငံ အက်ဆက်မြို့ရှိ စက်မှုဇုန်အနီး ကုန်တင်ကားတစ်စီးထဲတွင် သေဆုံးသွားခဲ့သည့် ဗီယက်နမ်နိုင်ငံသား ၃၉ ဦးထဲမှ ရုပ်အလောင်းအချို့ကို ပထမ ဆုံးအသုတ်အဖြစ် နိုဝင်ဘာ ၂၇ ရက်နေ့အစောပိုင်းက ဗီယက်နမ်နိုင်ငံသို့ ပြန်လည်သယ်ဆောင်လာပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည့် လန်ဒန်တွင် အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်လာစဉ် အေးခဲနေသည့်ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးခဲ့ကြခြင်း ဖြစ်သည်။

လူနာတင်ယာဉ်များနှင့် လုံခြုံရေးဝန်ထမ်းများသည် လန်ဒန်မှ ဟနွိုင်းသို့ ဗီယက်နမ်လေကြောင်းလိုင်းဖြင့် တင်ဆောင်လာ သည့် ရုပ်အလောင်း ၁၆ လောင်းကို သယ်ရန် လေဆိပ်တွင် အသင့်စောင့်ဆိုင်းနေခဲ့ကြသည်။  

ပထမဆုံးရောက်ရှိလာသည့် ရုပ်အလောင်း ၁၆ လောင်းကို ၎င်းတို့၏ မိသားစုဝင်များရှိရာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းရှိ ပြည်နယ်သုံးခုသို့ သယ်ဆောင်သွားပြီဖြစ်သည်။

ဒီအချိန်ကို စောင့်နေတာကြာလှပါပြီ။ ရောက်ရောက်ချင်း အသုဘအခမ်းအနားလုပ်ပေးသွားမှာပါ။ နောက်ဆုံး သားပြန်ရောက်လာပြီဆိုတော့လည်း ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ် ဟု သေဆုံးသူတစ်ဦး၏ဖခင်ဖြစ်သူက ဆိုသည်။

ကျန်ရှိနေသေးသည့် ရုပ်အလောင်းများကို နောက်ရက်များတွင် သယ်လာနိုင်ဖွယ်ရှိပြီး ရုပ်အလောင်းသယ်ဆောင်သည့် ကုန်ကျစရိတ်များကို မိသားစုဝင်များမှ အစိုးရကိုပြန်ပေးရမည်ဖြစ်သည်။

ရုပ်အလောင်းသယ်ဆောင်မည်ဆိုပါက တစ်ဦးချင်းစီအတွက် အမေရိကန်ဒေါ်လာ ၂၈၅၈ ကုန်ကျမည်ဖြစ်ပြီး အရိုးပြာအိုးပဲယူမည်ဆိုပါက ၁၇၇၄ ဒေါ်လာကျကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly