မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ရောင်းချခြင်း မလုပ်ဖို့လို

မျိုးတုန်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များ ရောင်းချခြင်း မလုပ်ဖို့လို

မန္တလေး၊ နိုဝင်ဘာ ၂၆ ။          ။ မြန်မာနိုင်ငံအတွင်းရှိ မျိုးတုန်းပျောက်ကွယ်နိုင်သော တောရိုင်းတိရစ္ဆာန်များအား ကာကွယ်နိုင်ရန် အတွက် တရားမဝင်ရောင်းချနေခြင်းနှင့် စားသောက်ဆိုင်များတွင် ရောင်းချခြင်းများ မလုပ်ဆောင်ရန် လိုအပ်ကြောင်း မန္တလေး တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်ကပြောသည်။

နိုဝင်ဘာ ၂၆ရက်နေ့ နေ့လယ်ပိုင်းက ရွိုင်ရယ်မင်္ဂလာဟိုတယ်တွင် တောကောင်လေးတို့အတွက် ရင်တွင်းစကားသံ သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“များသောအားဖြင့် မသိမှုကြောင့်ဖြစ်တာဖြစ်တယ်။ တရုတ်က ဆင်တင်မကဘူး သင်းခွေချပ်တွေ စသည့်ဖြင့် အစိတ်အပိုင်းတွေအားလုံးလိုတယ်။ အဲဒီအတွက် အရင်းအမြစ်တွေကို ဖမ်းဆီးဖို့လိုတယ်။ နောက်ပြီးတော့ စားသောက်ဆိုင်တွေမှာ တရားမဝင်တောရိုင်းတိရစ္ဆာန်တွေကို မရောင်းချဖို့လိုတယ်။ ပိုင်ရှင်တွေအနေနဲ့လည်း မရောင်းဖို့လိုတယ်။ စားသုံးသူတွေကလည်း မစားဖို့လိုတယ်” ဟု ၎င်းကပြောသည်။

အထက်ပါကိစ္စရပ်များအား ထိန်းချုပ်ရန်လိုအပ်သော်လည်း သစ်တောဌာအနေဖြင့် ဝန်ထမ်း အင်အား လုံလောက်မှုမရှိသောကြောင့် တားဆီမှုလုပ်ငန်းများတွင် အားရမှုမရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ အတွင်းရှိ တောရိုင်းတိရစ္ဆာန်များမှာ ဖမ်းဆီးသတ်ဖြတ်ခြင်းခံနေရကာ မျိုးတုန်းလုနီးပါးဖြစ်နေသော တိရစ္ဆာန်များရှိလာပြီဖြစ်သောေကြာင့် လှုပ်ရှားမှုတစ်ခုကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံ တောရိုင်းတိရစ္ဆာန်တွေဟာ သတ်ခံနေရပါတယ်၊ စျေးကွက်မှာရောင်းချခံနေရပါတယ်။ မျိုးတုန်း ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။ တရားဝင်ရောင်းဝယ်ဖောက်ကားမှု ပပျောက်သွားစေဖို့ အသိပညာတွေကို ပေးရမှာဖြစ်တဲ့အတွက် အသိပေးတဲ့အနေနဲ့လုပ်တာဖြစ်ပါတယ်။ ပေါ်ပေါ်တင်တင် ရောင်းဝယ်ဖောက်ကား နေတာကို ပပျောက်သွားအောင် အခုလို ကမ်ပိန်းကိုပြုလုပ်တာ ဖြစ်ပါတယ်”ဟု Voices for wildlifeမှ အဖွဲ့ဝင် ဒေါ်မေမိုးဝါကပြောသည်။

မြန်မာနိုင်ငံမှ လုံးဝကာကွယ်ထားသော တိရစ္ဆာန်မျိုးများအဖြစ် မျိုးစိတ်ပေါင်း ၉၈မျိုးရှိကာ နို့တိုက် သတ္တဝါ ၃၉မျိုး၊ ငှက်မျိုးစိတ် ၅၀၊ ကုန်နေ၊ရေနေ တွားသွားသတ္တဝါမျိုးစိတ် ၉မျိုးရှိကြောင်း ထိုထဲမှ ဆင်၊ ကျား၊ ကျားသစ်၊ ပြောင်၊ ဝက်ဝံ၊ ရွှေသမင်၊ သင်းခွေချပ်တို့အား အဓိကထားကာကွယ်ရန် လိုအပ် ကြောင်း နိုင်ငံတော်အစိုးရက တရားဝင်ကြေငြာထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly