ကျောင်းသားတစ်ဦးနှင့် ဆေးရုံလုပ်သားတစ်ဦးကို လူကုန်ကူးခဲ့သူအား စစ်ဆေးနေ

ကျောင်းသားတစ်ဦးနှင့် ဆေးရုံလုပ်သားတစ်ဦးကို လူကုန်ကူးခဲ့သူအား စစ်ဆေးနေ
ကျောက်တံတားရဲစခန်း / ဓာတ်ပုံ-Place Map

ရန်ကုန်၊ နိုဝင်ဘာလ ၂၆။             ။ ကျောင်းသားတစ်ဦးနှင့် ဆေးရုံလုပ်သားတစ်ဦးကို ငါးဖမ်းကျားဖောင်တွင် ရောင်းစားပြီး လူကုန် ကူးခဲ့သော ဗလကြီးဆိုသူကို လူကုန်ကူးမှု ပုဒ်မ ၂၅/၃၂ နှင့် အမှုဖွင့်ထားပြီး စစ်ဆေးလျှက် ရှိကြောင်း ကျောက်တံတားရဲစခန်းမှ သိရသည်။

လက်ရှိ ပြည်တွင်းသတင်းများတွင် ခေတ်စားနေသော ဒလမြို့မှတစ်ဆင့် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် အတွင်းရှိ ငါးဖမ်းကျားဖောင်တွင် ရောင်းစားခံခဲ့ရသော ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်း အမှုနှင့်ပတ်သက်၍ ဗလကြီးဆိုသူကို ကျောက်တံတား ရဲစခန်းတွင် စစ်ဆေးလျှက်ရှိကြောင်း ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို အတည်ပြုသည်။

လက်ရှိတွင် ကိုမြတ်သူရထွန်းသည် နားရွက်တစ်ဖက် ပဲ့ဒဏ်ရာအပြင် ခန္ဓာကိုယ်အနှံ့အပြား၌ ဒဏ်ရာအသီးသီးရရှိထားပြီး စိတ်ဒဏ်ရာရနေကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

ထို့အပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထွေထွေလုပ်သားတစ်ဦးဖြစ်သော ကိုစန်းဦးသည် မွန်ပြည် နယ်၊ ရေးမြို့အတွင်းရှိ ငါးဖမ်းကျားဖောင်တွင် ရောင်းစားခံခဲ့ရပြီး ကိုစန်းဦးမှာ ထွက်ပြေးလွတ်မြောက် ခဲ့သည်။

ကိုစန်းဦးကို ရောင်းစားခဲ့သော ဗလကြီးဆိုသူကို ဖမ်းမိထားသောကြောင့် ဟုတ်၊ မဟုတ်လာရောက် ကြည့်ရှုရန် အကြောင်းကြားသောကြောင့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျောက်တံတားတရားရုံးသို့ လာရောက်ကြည့်ရှုခဲ့ပြီး ရောင်းစားခဲ့သူမှာ ဗလကြီးဖြစ်ကြောင်း ကိုစန်းဦးက အတည်ပြုခဲ့သည်။

“ကျွန်တော် အလုပ်ကနေ ပြန်တဲ့အချိန် ဒလကနေတစ်ဆင့်ပါသွားတာ။ သောက်ရင်းစားရင်းခင်ပြီး စကားပြောရင်း ပါသွားတာ။ ပြန်ရောက်တာ ၁၂ လပိုင်း၊ ၂၅ ရက်နေ့တုန်းက ဖောင်ပေါ်မှာ လေး ငါးလလောက်တော့ အလုပ်လုပ်ခဲ့ရတယ်။ အခုအသက် ၃ဝရှိပြီ။ ပါသွားတုန်းက ၂၉ ပဲရှိသေးတယ်။ ဗလကြီးတစ်ယောက်ပဲ ကျွန်တော် ကောင်းကောင်းမှတ်မိတယ်။ ကျွန်တော့်ကို အခုလေးတင် အချုပ်ခန်းထဲမှာ ခေါ်ပြတယ်။ သူသေချာတယ်” ကိုစန်းဦးက ပြောသည်။

ထိုသို့ လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးအနြေဖင့် ကျားဖောင်ပေါ်၌ နှိပ်စက် ခံထားရမှုကြောင့် လက်ရှိတွင် လက်တစ်ချောင်းကျိုးနေခြင်းနှင့်  အဖြစ်အပျက်များကို ပြန်မြင်ယောင် ကာ ညဘက်အိပ်မပျော် ခြင်းများကြောင့် အလုပ်အတွက် အခက်အခဲရှိနေကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ဆရာဝန်က စိတ်ကျန်းမာရေးဆေးရုံတက်ရန် ညွှန်ကြားထားပြီး ငွေကြေးအခက်အခဲကြောင့် ဆေးရုံမတက်နိုင်သေးကြောင်း ကိုစန်းဦး က ပြောသည်။

လက်ရှိပေါ်ပေါက်နေသော လူကုန်ကူးမှုများတွင် လူကုန်ကူးမှုပြုလုပ်နေကြသူများ၌ အမျိုးသမီးများ လည်း ပါဝင်နေကြောင်း ကာယကံရှင်များထံမှ သိရသည်။

လူကုန်ကူးမှုနှင့် အမှုဖွင့်ခံထားရသောဗလကြီးဆိုသူကို လာမည့် ဒီဇင်ဘာလ  ၆ ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျောက်တံတားရဲစခန်းမှ တာဝန်ရှိသူထံမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly