မတည်ငြိမ်မှုများ ပြင်းထန်ဆိုးဝါးလျက် ရှိစဉ် အီရတ်တောင်ပိုင်း၌ ဆန္ဒပြသူ ခြောက်ဦး ပစ်သတ်ခံရ

မတည်ငြိမ်မှုများ ပြင်းထန်ဆိုးဝါးလျက် ရှိစဉ် အီရတ်တောင်ပိုင်း၌ ဆန္ဒပြသူ ခြောက်ဦး ပစ်သတ်ခံရ

ဘဂ္ဂဒက်၊ နိုဝင်ဘာ ၂၆။          ။ အီရတ်နိုင်ငံ၏ ယိုင်နဲ့နဲ့ အစိုးရအနေဖြင့် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော လူထုဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံတောင်ပိုင်းက ဆန္ဒပြမှုများသည် ဆူပူအုံကြွမှု အသွင် ကူးပြောင်းပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ခြောက်ဦး သေဆုံးသည်။

တောင်ပိုင်းဆိပ်ကမ်းမြို့ အွမ်ကာဆားအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ရာ၌ ဆန္ဒပြသူ သုံးဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရကြောင်း အီရတ်လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်သည်။

အစားအစာ၊ ဆေးဝါးနှင့် လောင်စာတို့ ကုန်သွယ်တင်ပို့ရာ အဆိုပါ ဆိပ်ကမ်းကို ပိတ်ရန် ကြိုးစားသည့် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျည်စစ်ဖြင့် ပစ်ခတ်ကြောင်း အေအက်ဖ်ပီသတင်းထောက်က ပြောသည်။

အစောပိုင်း နာရီတွင် ဘဂ္ဂဒက်မြို့တော်မှ မိုင် ၂၀၀ ဝေးသသည့် နာဆီရီယက်မြို့တွင် လုံခြုံရေးတပ်များ ပစ်ခတ်၍ ဆန္ဒပြသူ သုံးဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရကြောင်း ကျန်းမာရေးသတင်းရင်းမြစ်က ပြောသည်။

ဆန္ဒပြသူများက အူဖာရတ်မြစ်ပေါ်က အဓိက တံတားငါးစင်းကို ပိတ်ဆို့ပြီး စာသင်ကျောင်းများ ပိတ်ထားကာ အစိုးရဌာနဆိုင်ရာ ရုံးများရှေ့တွင် ကားတာယာများကို မီးရှို့ကြခြင်းဖြစ်ပြီး လုံခြုံရေးတပ်များက ကျည်စစ်ဖြင့် ဖြိုခွင်းခြင်း ဖြစ်သည်။

နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်ပြီး အစိုးရက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တောင်းဆိုဆန္ဒပြမှုများသည် အောက်တိုဘာ ၁ ရက်က စတင်ဖြစ်ပွားခဲ့ရာမှ တည်ငြိမ်မှုကင်းမဲ့သည့် ထိပ်တိုက်တွေ့မှု များ အတွင်း သေဆုံးသူ ၃၅၀ ကျော်ထက်မနည်း ရှိသွားပြီဖြစ်ကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly