အိမ်ဖောက်ဝင်သူကို ပညာကောင်းကောင်း ပေးလိုက်တဲ့ ကြွက်သားအပြိုင်းပြိုင်းနဲ့ ရှစ်ဆယ်ကျော် အဘွား

အိမ်ဖောက်ဝင်သူကို ပညာကောင်းကောင်း ပေးလိုက်တဲ့ ကြွက်သားအပြိုင်းပြိုင်းနဲ့ ရှစ်ဆယ်ကျော် အဘွား

နိုဝင်ဘာ ၂၆။              ။ နယူးယောက်မှာ အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးရဲ့ အိမ်ကို ဖောက်ဝင်သူရဲ့ ရလဒ်ကတော့ အဆုံးသတ် မလှရှာပါဘူး။

ကိုယ်ကာယကြံ့ခိုင်ရေး လိုက်စားတဲ့ အဘွားအို မာဖီက သူ့ အိမ်ရှေ့ကို အင်္ဂါနေ့ညက အမျိုးသားတစ်ဦး ရောက်လာတယ်လို့ ပြောပါတယ်။ သူ အိပ်ရာဝင်ဖို့ လုပ်နေချိန်မှာ ရောက်လာတာဖြစ်ပြီး အဲဒီ အမျိုးသားက အိမ်တံခါးကို ထုရိုက်ရင်း သူ့အတွက် အရေးပေါ်ကား ခေါ်ပေးဖို့ ပြောတယ်လို့ အဘွားအို မာဖီက ဆိုပါတယ်။

အဘွား မာဖီဟာ ရဲလှမ်းခေါ်ပေးပေမယ့် အဲဒီ အမျိုးသားကိုတော့ အိမ်ထဲ ဝင်ခွင့် မပေးပါ။ ဒါနဲ့ အမျိုးသားဟာ စိတ်ဆိုးမာန်ဆိုးနဲ့ တံခါးကို ချိုးဖျက်ဝင်ရောက်လာတော့တာ ဖြစ်ပါတယ်။

“အတော်လေး မှောင်နေပြီလေ။ ပြီးတော့ ငါက တစ်ယောက်တည်းရယ်။ ဒါပေမယ့် မှန်းဆကြည့်လိုက်လေ၊ ငါက ခွန်အားဗလရှိတာပဲ။”လို့ လက်မောင်းကြွက်သားတွေကို ထုတ်ပြရင်း အဘွားမာဖီက ပြောပါတယ်။ “ဒီ အမျိုးသားကတော့ ရွေးချယ်မှု မှားသွားရှာတာပဲ။”လို့ ၎င်းက ဆိုပါတယ်။

ကာယဗလမယ်ဆု ရဖူးတဲ့ မာဖီဟာ သူ အိမ်ထဲ ကျုးကျော်ဝင်ရောက်သူကို ရှိသမျှပစ္စည်းတွေနဲ့ ဟန့်တား တိုက်ခိုက်ပါတယ်။ သူ အလုပ်လုပ်တဲ့ စားပွဲရဲ့ စတီးလ်ထောက်တံနဲ့ အဲဒီ အမျိုးသားကို တိုက်ခိုက်ပါတယ်။

ကျုးကျော်လာသူ အမျိုးသားအပေါ် အကြိမ်ကြိမ် ခုန်ပေါက်အပြီး မာဖီဟာ မီးဖိုချောင်ဆီ ပြေးပြီး ဆပ်ပြာရည် ယူပါတယ်။ မာဖီရဲ့ တိုက်ခိုက်မှုကြောင့် အားမရှိတော့တဲ့ အဲဒီ ကျုးကျော်သူ မျက်နှာကို ဆပ်ပြာရည်နဲ့ ပက်ဖျန်းပါတော့တယ်။

ဒီလောက်နဲ့လည်း အားမရပါဘူး။ မာဖီဟာ မတ်တပ်တံမြက်စည်းနဲ့ အဲဒီ အမျိုးသားကို တဖုန်းဖုန်း ရိုက်ပါတော့တယ်။

ဒီနောက်မှာတော့ မေ့မျောနေတဲ့ ကျုးကျော်သူကို အိမ်ပြင်တရွတ်ဆွဲထုတ်ဖို့ မာဖီက လုပ်ပါတော့တယ်။ ဒီအချိန်မှာ ပထမ မာဖီ လှမ်းခေါ်ထားတာကြောင့် ရဲတွေ ရောက်လာတော့တာပဲ ဖြစ်ပါတယ်။

အဘွားမာဖီရဲ့ လက်စလက်နကို ကောင်းကောင်းကြီး ခံလိုက်ရတဲ့ အဲဒီ အမျိုးသားကို အရေးပေါ်ကားပေါ် တင်ပြီး ခေါ်ဆောင်သွားပါတော့တယ်။

“ငါတော့ ထင်တယ်၊ သူ စိတ်ကျေနပ်သွားမယ်လို့ပါ။ ဘာကြောင့်လည်းဆိုတော့ သူ ခေါ်ခိုင်းတဲ့အတိုင်း အရေးပေါ်ကားပေါ် သူ့ကို ငါ ပို့ပေးလိုက်တာကြောင့်ပဲလေ။”ဟု အဘွားအို မာဖီက ပြောခဲ့ပါတော့တယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly