ဗြိတိန် နျူဓာတ်အားပေး စက်ရုံစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ခေါင်းဆောင် လက်မှတ်ထိုးဖွယ်ရှိ

ဗြိတိန် နျူဓာတ်အားပေး စက်ရုံစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် တရုတ်ခေါင်းဆောင် လက်မှတ်ထိုးဖွယ်ရှိ

လန်ဒန်၊ အောက်တိုဘာ - ၂၁ ။            ။ တရုတ်ခေါင်းဆောင်မှာ မျိးဆက်တစ်ဆက်အတွင်း တည်ဆောက်မည့် ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်းတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အတည်ပြုဖွယ်ရှိသည်ဟု ဆိုသည်။

ဆမ္မားဆတ်ပြည်နယ် ဟင်ကလေးပွိုင့်တွင် အဆိုပါ နျူကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၂၅ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်၏ ၃၀ရာခိုင်နှုန်းကို တရုတ်က ရင်းနှီးမြှုပ်နှံဖွယ်ရှိသည်။

ဗြိတိန် နိုင်ငံတော်အလည်အပတ်ခရီးစဉ်၏ ဒုတိယမြောက်နေ့တွင် သမ္မတ ရှီကျင့်ဖျင်မှာ ဝန်ကြီၤးချုပ် ဒေးဗစ်ကင်မရွန်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ လေးရက်တာ အလည်အပတ်ခရီးစဉ်အတွင်း ဗြိတိန်နှင့် တရုတ်ကြား စတာလင်ပေါင် သန်း၃၀ကျော် စီးပွားရေးသဘောတူညီချက်များကို စာချုပ်ချုပ်နိုင်မည်ဟု မျှော်လင့်ရသည်။

နျူကလီးယားဓာတ်အားပေးစက်ရုံကို ပြင်သစ်စွမ်းအင်ကုမ္ပဏီ EDFက တရုတ်နိုင်ငံပိုင် နျူကလီးယားကုမ္ပဏီ CGNနှင့် ပူးပေါင်းတည်ဆောက်မည်ဖြစ်သည်။

တရုတ်နှင့်သဘောတူညီချက်အရ နောက်ထပ် နျူကလီးယားဓာတ်အားပေးစက်ရုံ နှစ်ရုံကိုလည်း ဆက်တိုက်တည်ဆောက်သွားမည်ဖြစ်သည်။

ယမန်လက ဘဏ္ဍာရေးဝန်ကြီး ဂျော့ချ် အော့စဘွန်း တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ချုပ်ဆိုခဲ့သည့် စာချုပ်အရ ပေကျင်းက ဟင်ကလေပွိုင့် ဓာတ်အားပေးစက်ရုံစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ် သည်။ ဗြိတိန်တွင် ခေတ်အဆက်ဆက် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု ဘီဘီစီ စီးပွားရေးအယ်ဒီတာ ကာမဲ အာမတ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly