အမေရိကန်သည် မတည်မငြိမ်မှုများကို ဖြစ်စေသည့် ကမ္ဘာ့အကြီးဆုံး ဇာစ်မြစ်တရားခံဟု တရုတ် ပြောကြား

အမေရိကန်သည် မတည်မငြိမ်မှုများကို ဖြစ်စေသည့် ကမ္ဘာ့အကြီးဆုံး ဇာစ်မြစ်တရားခံဟု တရုတ် ပြောကြား
FILE PHOTO - China’s top diplomat State Councillor Wang Yi speaks during a meeting with Russia's Foreign Minister Sergei Lavrov in Moscow, Russia April 5, 2018. REUTERS/Sergei Karpukhin Read more at https://www.channelnewsasia.com/news/asia/china-attacks-us-at-g20-as-the-world-s-biggest-source-of-instability-12120074

နိုဝင်ဘာ ၂၄။          ။   အမေရိကန်သည် မတည်မငြိမ်မှုများကို ဖြစ်စေသည့် ကမ္ဘာ့ အကြီးဆုံးသော ဇာစ်မြစ်တရားခံဖြစ်ကြောင်း၊ ယင်းနိုင်ငံ၏ နိုင်ငံရေးသမားများသည်လည်း ကမ္ဘာတစ်ဝန်း လှည့်လည်ကာ တရုတ်အပေါ် အခြေအမြစ်မရှိ သားပုတ်လေလွင့် စွပ်စွဲပြောဆိုနေကြောင်း တရုတ်အစိုးရ ထိပ်တန်းသံတမန်တစ်ဦးက နိုဝင်ဘာ ၂၃ ရက် ဂျပန်နိုင်ငံက ဂျီ-၂၀ အစည်းအဝေးတစ်ခုတွင် ပြောသွားခဲ့သည်။

အဆိုပါ ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံ နှစ်နိုင်ငံသည် ခါးသီးသော ကုန်သွယ်ရေးစစ်ပွဲတစ်ခုအတွင်း ပိတ်မိနေခဲ့ရင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ယိုယွင်းကျဆင်းနေခဲ့သည်။

လက်ရှိအချိန်တွင် ကုန်သွယ်ရေးစစ် ပြေငြိမ်းရေး ဖြေရှင်းနိုင်ရန် နှစ်ဘက်စလုံးက ကြိုးပမ်းနေလျက် ရှိကြသည်။ သို့သော် လူ့အခွင့်အရေး၊ ဟောင်ကောင်အရေး၊ ထိုင်ဝမ်အပေါ် အမေရိကန်ဘက်က ထောက်ခံအားပေးမှု တို့နှင့်ပတ်သက်၍ နှစ်ဘက်အကြား ငြင်းခုန်မှုများ ဖြစ်ပေါ်ထားခဲ့သည်။

ဂျပန်နိုင်ငံ နာဂိုယာမြို့ ဂျီ-၂၀ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဘေးပန်းပြင်ပ၌ ဒက်ချ် နိုင်ငံခြားရေးဝန်ကြီး စတပ်ဖ် ဘလော့ခ် နှင့် တွေ့ဆုံခဲ့စဉ် တရုတ် နိုင်ငံတော် ကောင်စီဝင် ဝမ်ယီက အမေရိကန်ကို တိုက်ရိုက် ဝေဖန်တိုက်ခိုက်မှု ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။

“ အမေရိကန်ဟာ တစ်ဖက်သက်ဆန်မှု၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်နေပါတယ်၊ နောက်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝါဒ၊ နိုင်ငံစုံ ပါဝင်တဲ့ ကုန်သွယ်ရေး စနစ် ကို လည်း ထိခိုက်စေလျက် ရှိပါတယ်၊ ဒီတော့ အမေရိကန်ဟာ မတည်မငြိမ်မှုတွေကို ဖြစ်စေတဲ့ ကမ္ဘာ့ အကြီးဆုံးသော အကြောင်းရင်းတစ်ခု ဖြစ်လာနေခဲ့ပါပြီ” ဆိုပြီး မစ္စတာ ဝမ်ယီ၏ ပြောစကားကို တရုတ်နိုင်ငံခြား ရေးဝန်ကြီး ဌာနက ထုတ်ပြန်သွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly