ဘိုင်ယန်မြူးနစ်ကို အနိုင်ရလိုက်ခြင်းက ယုံကြည်မှုတိုးစေဟု အာစင်ဝင်းဂါးပြော

ဘိုင်ယန်မြူးနစ်ကို အနိုင်ရလိုက်ခြင်းက ယုံကြည်မှုတိုးစေဟု အာစင်ဝင်းဂါးပြော

အောက်တိုဘာ ၂၁၊ လန်ဒန် ။          ။ အမ်းမရိတ်စ်ကွင်းတွင် ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရလိုက်ခြင်းက အသင်း၏ယုံကြည်ချက်များကိုတိုးပွားစေသည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြော သည်။

ချန်ပီယံလိဂ်အုပ်စုအဖွင့်နှစ်ပွဲတွင်အရေးနိမ့်ခဲ့သော်လည်း ဂီရော့ဒ်၊ အိုဇေးလ်တို့၏သွင်းဂိုးများဖြင့် ဘိုင်ယန်မြူးနစ်ကို အနိုင်ရလိုက်သည့် အာဆင်နယ်အသင်းသည် စနေနေ့၌ ပရီးမီးယားလိဂ်ဇယား ထိပ်ဆုံး သို့လည်း ရောက်သွားနိုင်ချေရှိနေသည်။

လက်ရှိတွင် ချန်ပီယံလိဂ်အုပ်စု (စ) အမှတ်ပေးဇယားအောက်ဆုံးမှ အာဆင်နယ်အသင်းသည် နိုဝင်ဘာ ၄ တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ထပ်မံရင် ဆိုင်ရမည်ဖြစ်သည်။

"ကျွန်တော်တို့နိုင်ပွဲရဖို့လုံးဝလိုအပ်နေပြီး ပြင်းထန်တဲ့ပွဲကောင်းတစ်ပွဲကနေ အနိုင်ရလဒ်ယူနိုင်ခဲ့တယ်။ အဲဒါက ကျွန်တော်တို့နဲ့ ပရိသတ်တွေ ရဲ့ ယုံကြည်ချက်ခွန်အားတွေကို တိုးပွားလာစေနိုင်ပါတယ်"ဟု အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်အသင်းက ဂီရော့ဒ်နှင့် အိုဇေးလ်တို့၏ဂိုးများဖြင့်အနိုင်ရပြီး အုပ်စုတွင်းပထမဆုံးသုံးမှတ်ရရှိသွားသည့်ပွဲမတိုင်မီ ဘိုင်ယန်မြူးနစ် အသင်းသည် ပြိုင်ပွဲစုံ ၁၂ ပွဲဆက်အနိုင်ရထားသည့် အသင်းဖြစ် သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly