တရုတ်က ဖိလစ်ပိုင်ကို လျှပ်စစ်မီး ဖြတ်တောက်ပစ်နိုင်

တရုတ်က ဖိလစ်ပိုင်ကို လျှပ်စစ်မီး ဖြတ်တောက်ပစ်နိုင်

နိုဝင်ဘာ ၂၃ ။         ။ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ လျှပ်စစ်ကွန်ရက်ကို ဖြတ်တောက်ပစ်နိုင်သည်ဟု မနီလာက လွှတ်တော်တွင် ကြားနာခဲ့သည်။

တရုတ်နိုင်ငံက လျှပ်စစ်မီး ဖြတ်တောက်ပစ်နိုင်ခြင်းက ဖြစ်လာနိုင်ဖွယ် ရှိနေသည်ဟု လွှတ်တော်အစည်းအဝေးအတွင်း အမျိုးသားလျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်း အကြီးအကဲက အတည်ပြုပြောသည်။

၂၀၀၉ ခုနှစ်ကစတင်ပြီး တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှု၏ တစ်စိတ်တစ်ပိုင်းအား ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ထိုအရေးအကြောင့် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးလိုသော သဘောထားသည် ဖိလစ်ပိုင်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်မည်လားဆိုပြီး လွှတ်တော်တွင် အမတ်တစ်ဦးက မေးမြန်းလာခြင်း ဖြစ်သည်။

တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ်ပင်လယ်တွင် ရေပိုင်နက် အငြင်းပွားနေသည့် နှစ်နိုင်ငံပဲ ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ဓာတ်အားဖြန့်ဝေမှုရဲ့ ၄၀ ရာခိုင်နှုန်းဟာ နိုင်ငံခြားကော်ပိုရေးရှင်းတစ်ခုရဲ့ လက်အောက်မှာ ရှိနေတယ်။ ဒီအတွက် အကျိုးအမြတ် ထိပ်တိုက်တွေ့နိုင်တယ်။ တရုတ်နိုင်ငံရဲ့ သဘောထားဟာလည်း ဩဇာလွှမ်းမိုးလိုမှုက ထင်သာမြင်သာ ရှိနေတာဖြစ်တယ်။”ဟု လွှတ်တော်အမတ် ရစ်ချတ်ဂေါ်ဒန်က အဆိုတင်သွင်းခဲ့ခြ်င်း ဖြစ်သည်။

ထိုသို့ လျှပ်စစ်မီး ဖြတ်တော်ခံရမှု ဖြစ်နိုင်သော်လည်း နိုင်ငံအနေဖြင့် ၂၄ နာရီမှ ၄၈ နာရီအတွင်း လျှပ်စစ်မီး ပြန်လည်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း လွှတ်တော်က ကြားနာခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly