Google နှင့် Facebook စီးပွားရေးလုပ်ငန်းပုံစံက လူ့အခွင့်အရေးကို ခြိမ်းခြောက်နေဟု ဆို

Google နှင့် Facebook စီးပွားရေးလုပ်ငန်းပုံစံက လူ့အခွင့်အရေးကို ခြိမ်းခြောက်နေဟု ဆို
Photo: AFP

နိုဝင်ဘာ ၂၁ ။        ။ Google နှင့် Facebook တို့၏ ဒေတာစုဆောင်းမှု စီးပွားရေး မော်ဒယ်က ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က နိုဝင်ဘာ ၂၀ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်သည်။

လူထုကို အခမဲ့ အွန်လိုင်း ဝန်ဆောင်မှုများ ကမ်းလှမ်းပေးပြီး ယင်းနောက် ငွေရရှိမည့် ကြော်ငြာများအတွက် ၎င်းတို့၏ အချက်အလက်များကို အသုံးပြုခြင်းက လွတ်လပ်စွာ ထုတ်ဖော်ခွင့့်အပါအဝင် လူ့အခွင့်အရေးအပေါ် ထိပါးခြိမ်းခြောက်နေလျက် ရှိကြောင်း အဆိုပါအဖွဲ့အစည်းက ပြောဆိုသွားခဲ့သည်။

“သူတို့ ထောက်ပံ့နေတဲ့ ဝန်ဆောင်မှုတွေက အစစ်အမှန် တန်ဖိုး ရှိတယ်ဆိုပေမယ့် ဒီ Google ၊ Facebook ပလက်ဖောင်းတွေက စနစ်တကျ ထိခိုက်နစ်နာစေမှုတွေကို ဖြစ်စေနေပါတယ်” ဟု Amnesty အဖွဲ့က “Surveillance Giants” ဆိုသည့် ယင်း၏ အစီရင်ခံစာထဲတွင် ရေးသားထားသည်။

အဆိုပါ ကုမ္ပဏီကြီးနှစ်ခုဟာ မြောက်မြားလှစွာသော ဒေတာအချက်အလက်များကို စုဆောင်းနိုင်စွမ်း ရှိပြီး အဆိုပါ ဒေတာများကို ယင်းတို့၏ customer များ၏ အကျိုးစီးပွားနှင့်  ဆန့်ကျင်ကာ အသုံးပြုကောင်း ပြုနိုင်သည်ဟု လန်ဒန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့က ပြောသွားသည်။

“ ဒီလို စီးပွားရေး မော်ဒယ်မျိုးက privacy ဆိုင်ရာ အခွင့်အရေးနဲ့ ဘယ်လိုမှကို သဟဇာတမဖြစ်ပါဘူး” လို့ Amnesty က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly