အိုကလာဟိုးမားက စတိုးဆိုင်တစ်ဆိုင်၌ သေနတ်ပစ်ခတ်မှု ဖြစ်၍ လူသုံးဦး သေဆုံး

အိုကလာဟိုးမားက စတိုးဆိုင်တစ်ဆိုင်၌ သေနတ်ပစ်ခတ်မှု ဖြစ်၍ လူသုံးဦး သေဆုံး

နိုဝင်ဘာ ၁၉။           ။ အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်က စတိုးဆိုင်တစ်ဆိုင်တွင် သေနတ်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားပြီး လူ သုံးဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။

ဒန်ကန်မြို့က Walmart စတိုးဆိုင်တွင် နိုဝင်ဘာ ၁၈ ရက် အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ပြည်နယ် အမြန်လမ်း ကင်းလှည့်အဖွဲ့နှင့် ဌာနေရဲစခန်းကို ကိုးကားပြီး မီဒီယာများက ဖော်ပြသည်။

အဆိုပါ စတိုးဆိုင်ရှေ့ရှိ ကားပါကင်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး သေဆုံးသူများတွင် ပစ်ခတ်သည့် သံသယရှိသူလည်း ပါဝင်သည်ဟု ဒန်ကန်ရဲဌာန အကြီးအကဲ ဒန်နီဖို့ဒ်က ပြောကြောင်း TNN ရုပ်သံသတင်းတွင် ဖော်ပြသည်။

ထို ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့က အားလုံးရှင်းလင်းပြီးချိန်အထိ ယင်းဧရိယာတစ်ဝန်းက စာသင်ကျောင်းများကို ယာယီပိတ်ခိုင်းထားခဲ့ရသည်ဟု ဒန်ကန်ပြည်သူပိုင်စာသင်ကျောင်းများဌာနက ဖေ့ဘုတ်မှတစ်ဆင့် ထုတ်ပြန်သည်။

ပစ်ခတ်မှုသည် နံနက် ၁၀ နာရီ ထိုးခါနီးတွင် ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက အယ်ပါဆိုတက္ကဆက်ရှိ Walmart စတိုးဆိုင်တစ်ဆိုင်တွင် သေနတ်သမားတစ်ဦီး ပစ်ခတ်မှု ကျူးလွန်ရာ၌ လူပေါင်း ၂၂ ဦးအထိ သေဆုံးခဲ့သည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly