မော်ရင်ဟို၏ ဒဏ်ငွေနှင့် ပွဲပယ်ပြစ်ဒဏ် အယူခံကို အက်ဖ်အေ ပယ်ချ

မော်ရင်ဟို၏ ဒဏ်ငွေနှင့် ပွဲပယ်ပြစ်ဒဏ် အယူခံကို အက်ဖ်အေ ပယ်ချ

လန်ဒန်၊ အောက်တိုဘာ ၂၀  ။            ။ ချယ်လ်ဆီးနည်းပြမော်ရင်ဟို၏ တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေ ပေါင် ၅၀,၀၀၀ ပြစ်ဒဏ် အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပယ်ချလိုက်သည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းက ဆောက်သမ်တန်အသင်းကို ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော အောက်တိုဘာ ၃ ရက်နေ့က ပွဲစဉ်အပြီးတွင် ဒိုင်လူပြီးသည် ချယ်လ်ဆီးအသင်းကို ပင်နယ်တီပေးအပ်ရန်   ကြောက်ရွံနေခဲ့ကြောင်း ဝေဖန်ခဲ့သည်။

ထိုကဲ့သို့ ဝေဖန်ခဲ့သည့်အတွက် အက်ဖ်အေ၏ အရေးယူမှုကို ဂရုမစိုက်ကြောင်းနှင့် အခြားနည်းပြများနှင့် ၎င်းအပေါ် ဆက်ဆံမှုများမှာလည်း ကွာခြားပြီး ညီမျှမှုမရှိကြောင်း ပြောဆိုခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရပြီးနောက်တွင် မော်ရင်ဟိုက ၎င်း၏ဝေဖန်ပြောဆိုမှုသည် အသင့်လျော်ကြောင်း ဝန်ခံခဲ့သော်လည်း ဒိုင်လူကြီး ရောဘတ်မက်လေး၏ ရိုးသားဖြောင့်မှန်ခြင်း ရှိမရှိဆိုသည့်   မေးခွန်းကို ငြင်းပယ်ခဲ့သည်။

ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းသည် ရှက်ဖွယ်ကောင်းကြောင်းနှင့် ၎င်း၏ အင်္ဂလိပ်စကားပြော အားနည်းမှုကြောင့် ယခုကဲ့သို့ ဖြစ်ခဲ့ရခြင်းဟု မော်ရင်ဟိုက အယူခံဝင်ခဲ့သည်။

သို့သော် အက်ဖ်အေက မော်ရင်ဟို၏ အယူခံတင်သွင်းသည့် စာအရေးအသားအရပင် အင်္ဂလိပ်စာသည် ပြေပြစ်ကောင်းမွန်ကြောင်းနှင့် ၎င်းသည် အင်တာဗျူးအတွေ့အကြုံများစွာရှိသည့် နည်းပြတစ်ဦးဖြစ်သည့်အတွက် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု ပြန်လည်ရှင်းလင်းခဲ့သည်။

ယခုတစ်ကြိမ်ပြစ်ဒဏ်ချခံရခြင်းသည် မော်ရင်ဟိုအတွက် အက်ဖ်အေသို့ ၇ ကြိမ်မြောက်ဒဏ်ကြေးပေးဆောင်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ဒဏ်ငွေစုစုပေါင်း ပေါင် ၁၈၁,၀၀၀ ပေးဆောင်ခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကထက် ၂၀၁၅ တွင် ဒဏ်ကြေး နှစ်ဆပေးဆောင်ထားရသည်။

မော်ရင်ဟိုအနေဖြင့် လာမည့် တစ်နှစ်အတွင်း ၎င်း၏ အပြုအမူ၊ အပြောအဆိုများကို ထိန်းသိမ်းရန်လည်း အက်ဖ်အေက သတိပေးပြောကြားခဲ့သည်။

Ref ; ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly