ပါရီ အထပ်မြင့်တိုက်ပေါ် တက်ခဲ့ပြန်တဲ့ ပြင်သစ် ပင့်ကူလူသား

ပါရီ အထပ်မြင့်တိုက်ပေါ် တက်ခဲ့ပြန်တဲ့ ပြင်သစ် ပင့်ကူလူသား

နိုဝင်ဘာ ၁၅ ။          ။ ပြင်သစ် ပင့်ကူလူသား ဟု လူသိများသည့် အမြင့်တက်သမား အလိန်း ရောဘတ်သည် နိုဝင်ဘာ ၁၃ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့ အနောက်ပိုင်းရှိ အထပ်မြင့် တိုက်တစ်လုံးပေါ် အလွတ်တက်ပြခဲ့ပြန်ကြောင်း သိရသည်။

အလိန်း ရောဘတ်သည် ပါရီမြို့ La Defense ဒေသက ၁၅၂ မီတာ မြင့်သည့် Ariane Tower ပေါ်သို့ အလွတ်တက်ခဲ့ခြင်း ဖြစ်သည်။

အသက် ၅၇ နှစ်အရွယ် အမြင့်တက် အထူးကျွမ်းကျင်သူ ရောဘတ်သည် ယင်း အဆောက်အအုံပေါ်သို့ တစ်နာရီခန့် တက်ခဲ့ပြီး အမိုးနှင့် မီတာ အနည်းငယ်အကွာသို့ အရောက်တွင် ဆက်မတက်တော့ဘဲ ပြတင်းပေါက်တစ်ခုကနေ အထဲ ဝင်ခဲ့ရကြောင်း သိရသည်။

အကြောင်းမှာ နံရံများမှာ စိုစွတ်နေသောကြောင့် ယခုကဲ့သို့ ပြတင်းပေါက်ကနေ တာဝါထဲသို့ ဝင်ခဲ့ရခြင်းဖြစ်သည်။

မစ္စတာ ရောဘတ်သည် မကြာခဏဆိုသလို ယခုကဲ့သို့ အထပ်မြင့် မိုးမျှော်တိုက်ကြီးများပေါ်သို့ အလွတ်တက်ပြတတ်သူ ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly