ဆေးခြောက်ကို ဘာကြောင့် တရားဝင်ခွင့်ပြုစေချင်တာလဲ

14 November 2019
ဆေးခြောက်ကို ဘာကြောင့် တရားဝင်ခွင့်ပြုစေချင်တာလဲ

ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးဖို့အတွက် လူငယ်တစ်စုက မျက်နှာဖုံးတွေစွပ်ပြီး ရန်ကုန်မြို့လယ်က ဆူးလေ၊ မဟာဗန္ဓုလပန်းခြံမှာ ပြီးခဲ့တဲ့တန်ဆောင်မုန်းလပြည့်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဆေးခြောက်ဟာ ဆေးလိပ်၊ အရက်တွေထက် ဆိုးကျိုးနည်းပေမယ့် ဆေးခြောက်ကြောင့် နှစ်ရှည်ကြာအောင် ထောင်ကျတာ မဖြစ်သင့်ဘူးဆိုပြီး ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေက ပြောပါတယ်။ အဲ့ဒီလို ဆန္ဒထုတ်ဖော်ခဲ့တဲ့အပေါ် လူအများရဲ့ ဝေဖန်မှုတွေက ဆူဆူညံညံထွက်ပေါ်ခဲ့သလို လက်ရှိမှာ ကျောက်တံတားမြို့မရဲစခန်းက ဒီလိုဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးဖို့တောင်းဆို ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တစ်ချို့ကို အမှုဖွင့်ထားပြီးတော့ စီစစ်နေပါတယ်။ ဒီလူငယ်တွေက ဘာကြောင့် ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးဖို့ ဆန္ဒပြခဲ့တာလဲ။ သူတို့ရဲ့ ခံယူချက်က ဘာလဲဆိုတာကို ဆန္ဒပြမှုမှာပါဝင်လှုပ်ရှားခဲ့သူတစ်ဦးကို မဇ္စျိမက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ အခုလို မဇ္စျိမရဲ့ တွေ့ဆုံမေးမြန်းမှုမှာလည်း မျက်နှာဖော်ပြဖို့ သူကငြင်းဆန်ပါတယ်။ ရိုက်ကူး /တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly