အီဂျစ်နိုင်ငံသားများမှာ နိုင်ငံရေးထက် ညစ်ညမ်းရုပ်ရှင်များကို ပိုစိတ်ဝင်စား

အီဂျစ်နိုင်ငံသားများမှာ နိုင်ငံရေးထက် ညစ်ညမ်းရုပ်ရှင်များကို ပိုစိတ်ဝင်စား

ကိုင်ရို၊ အောက်တိုဘာ-၂၀ ။          ။ ပြည်သူလူထုများမှာ နိုင်ငံရေးထက် လိင်အသားပေး (pornography)များကိုသာ စိတ်ဝင်စားလွန်းနေသောကြောင့် မဲဆန္ဒရှင်များမှာ အီဂျစ် ပါလီမန်ရွေးကောက်ပွဲ များကို စိတ်ပါလက်ပါမရှိကြဘဲ ဖြစ်နေသည်ဟု နာမည်ကြီး အီဂျစ်သတင်းစာ ဆောင်းပါးရှင်က ပြောကြားခဲ့သည်။

ရုပ်ရှင်မင်းသမီးတစ်ယောက်က ရုပ်သံအစီအစဉ်တစ်ခုတွင် သူမမှာ ညစ်ညမ်းဗွီဒီယိုများကို ကြည့်ရှုပြီး ပြည်သူများအနြေ့ဖင့်လည်း လိင်သင်္ခန်းစာရရှိရန်အတွက် အလားတူ ကြည့်ရှုသင့်ကြောင်း   ပြောကြားလိုက်ပြီးကတည်းက အီဂျစ်ပြည်သူများမှာ အာရုံပာင်းသွားခဲ့သည်ဟု Youm7 နေ့စဉ်သတင်းစာတွင် ရေးသားနေသည့် ဒန်ဒါရာဝီ အယ်လ် ဟာဝါရီက ပြောကြားခဲ့သည်။

‘အီဂျစ်လူ့အဖွဲ့အစည်းဟာ နယ်ပယ်စုံမှာ ညစ်ညမ်းရုပ်ရှင်တွေအကြောင်း ဆွေးနွေးဖို့ကို ပိုပြီးကြောင့်ကြစိုက်နေကြပြီး၊ လူတိုင်းလိုလိုက အရေးကြီးဆုံး အီဂျစ်ပါလီမန်ရွေးကောက်ပွဲကို   မေ့နေကြတယ်ဆိုတာက ခါးသီးတဲ့ အမှန်တရားပါ’’ဟု ဟာဝါရီက ပြောကြားခဲ့သည်။

သမ္မတ အဗ္ဗဒဲ ဖာတာ အယ်ဆီဆီကို ထောက်ခံသည့် ဟာဝါရီက ဂူဂဲမှ နိုင်ငံတကာကို လေ့လာကြည့်ရာတွင် အစ္စလာမ်နိုင်ငံများမှာ ကမ္ဘာပေါ်တွင် ညစ်ညမ်းရုပ်ရှင် အကြည့်ဆုံးဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

အထူးသဖြင့် အီဂျစ်လူငယ်များကြားတွင် လက်ရှိအစိုးရကို အယုံအကြည်မရှိသောကြောင့် ရွေးကောက်ပွဲတွင် စိတ်ဝင်စားမှုနည်းပါးရခြင်းဖြစ်သည်ဟုလည်း ဝေဖန်သုံးသပ်သူအများစုက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly