ပီဆိုငွေကြေး အလွန်အမင်း ကျဆင်း၍ ချီလီမြို့တော်မှာ ဆူပူဆန္ဒပြမှုများ ဖြစ်ပွား

ပီဆိုငွေကြေး အလွန်အမင်း ကျဆင်း၍ ချီလီမြို့တော်မှာ ဆူပူဆန္ဒပြမှုများ ဖြစ်ပွား

ဆန္တီယာဂို၊ နိုဝင်ဘာ ၁၃ ။         ။ ချီလီနိုင်ငံတွင် နိုင်ငံ၏ ပီဆိုငွေကြေး သမိုင်းတင် ကျဆင်း၍ နိုဝင်ဘာ ၃ ရက်၌ မြို့တော် ဆန်တီယာဂိုတွင် ဆူပူဆန္ဒပြမှုများ အသစ်တစ်ဖန် ဖြစ်ပွားပေါ်ပေါက်သည်။

တောင်အမေရိကတစ်နိုင်ငံဖြစ်သည့် ချီလီတွင် လမ်းပေါ်ထွက် ဆန္ဒပြမှုများ သီတင်းများစွာ ဖြစ်ပွားပေါ်ပေါက်ထားပြီး ယခုတစ်ဖန် ပီဆိုငွေကြေး အလွန်အမင်း ကျဆင်းမှုပေါ် မူတည်ပြီး ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခြင်းလည်း ဖြစ်သည်။

သမ္မတ ပီနီရာ နုတ်ထွက်ရေး တောင်းဆိုဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား သမ္မတ အိမ်တော်ရာအနီးတွင် ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားပေါ်ပေါက်သည်။

အုပ်စုနှင့် အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က အထွေထွေသပိတ် ဆင်နွှဲရေး ဆော်သြလျက် ရှိစဉ် ဆန်တီယာဂို လမ်းများတွင် လူပေါင်း ရှစ်သောင်းနီးပါးက ဆန္ဒပြကြခြင်း ဖြစ်သည်။

ဆန္ဒပြသူများက အကြီးစား လူမှုပြောင်းလဲမှုများအတွက် သမ္မတ ပီနီရာအား တောင်းဆိုလျက် ရှိကြသည်။

သမ္မတ ပီနီရာက ၁၉၇၃-၉၀ ခုနှစ်များအထိ အုပ်ချုပ်ခဲ့သော အာဏာရှင် သြဂတ်စတိုပီနိုချက် လက်ထက်က ရေးဆွဲသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပါအဝင် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တော်တော်များများကို ဖော်ဆောင်ပေးမည်ဟု ချွေးသိပ်ထားသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly