ဘာလင်တံတိုင်း ပြိုကျမှု နှစ် (၃၀) ပြည့် အခမ်းအနား ကျင်းပ

ဘာလင်တံတိုင်း ပြိုကျမှု နှစ် (၃၀) ပြည့် အခမ်းအနား ကျင်းပ

နိုဝင်ဘာ ၉ ။        ။ အရှေ့နှင့် အနောက် ဂျာမနီကို ပိုင်းခြားထားခဲ့သည့် ဘာလင်တံတိုင်းကြီး ပြိုကျမှု နှစ် (၃၀) ပြည့် အခမ်းအနားများကို နိုဝင်ဘာ ၉ ရက်က ဂျာမနီနိုင်ငံတွင် ကျင်းပခဲ့သည်။

ငြိမ်းချမ်းသော တော်လှန်ရေးကို လှုံ့ဆော်ပေးခဲ့မှုအတွက် အရှေ့ ဥရောပ အိမ်နီးချင်းများကို ကျေးဇူးတင်ကြောင်း ဂျာမနီ သမ္မတ ဖရန့် ဝေါ်တာ စတိန်းမီယာက ပြောခဲ့သည်။

ဘာလင်တွင် ကွန်မြူနစ် အုပ်ချုပ်သည့် အရှေ့ ဂျာမနီနှင့် အရင်းရှင် စနစ်ကျင့်သုံးသည့် အနောက်ဂျာမနီကို ဆယ်စုနှစ်သုံးစုနီးပါးကြာ ပိုင်းခြားထားခဲ့သည့် တံတိုင်းကြီး ဖြိုချမှုသည် စစ်အေးခေတ်၏ အဓိက သင်္ကေတတစ်ခုဖြစ်လာခဲ့သည်။

ယင်း တံတိုင်းကြီး ပြိုကျခဲ့ပြီး နောက်တစ်နှစ်အကြာ ၁၉၉၀ တွင် ဂျာမနီနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။

“ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေနဲ့ အတူ ဒီ လွန်ခဲ့တဲ့ နှစ် ၃၀ က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကို  အမှတ်ရနေမိဆဲပါ၊ သတ္တိနဲ့ လွတ်မြောက်လိုစိတ်တို့ မရှိခဲ့ဘူးဆိုရင် ဥရောပအရှေ့ခြမ်းမှာ ငြိမ်းချမ်းတဲ့ တော်လှန်ရေးတွေ၊ ဂျာမနီ ပြန်ပေါင်းစည်းမှု ဒါတွေ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး” ဆိုပြီး စတိန်းမီယာက ပြောသွားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly