ကလောမြို့တွင် လေး ကြိမ်မြောက် Kalaw Trail Run အပြေးပြိုင်ပွဲကြီးကျင်းပမည်

ကလောမြို့တွင် လေး ကြိမ်မြောက် Kalaw Trail Run အပြေးပြိုင်ပွဲကြီးကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၆ ။         ။  ရှမ်းပြည်နယ်၊ ကလောမြို့တွင် လေး ကြိမ်မြောက် Kalaw Trail Run အပြေးပြိုင်ပွဲကြီးအား ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

လေး ကြိမ်မြောက် ကျင်းပပြုလုပ်မည့်  Kalaw Trail Run အပြေးပြိုင်ပွဲကြီးအတွက် သတင်းစာရှင်းလင်းပွဲအား Rose Garden Hotel တွင် နိုဝင်ဘာ ၆ရက်က ပြုလုပ်ခဲ့သည်။

အဆိုပါ အပြေးပြိုင်ပွဲကြီးကို ၂၀၁၅ခုနှစ်ကတည်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ခရီးသွားလာရေး ဖွံ့ဖြိုးရေး လုပ်ငန်း စဉ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

"ဒီနှစ်ပါဝင်တဲ့သူတွေဆိုရင် ဒီ ကလောရဲ့ အလှအပကိုကြည့်ဖို့ နောက်တစ်ခါပြန်လာဖို့ အခွင့်အလမ်း ပိုများ လာတယ်။ ပြီးတဲ့အခါမှာ သူတို့တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို သူငယ်ချင်းတွေကိုပြန်လည်ဝေမျှနိုင်မယ်။ ဒီနှစ်မှာဆိုရင် Ultra Run ပါလာတဲ့အတွက်ကြောင့် နိုင်ငံတကာက ပါဝင်တဲ့သူတွေလည်း ပိုပြီးတော့ များ လာတယ်။ ဒီပွဲကို Facebook တို့ ဆိုရှယ်မီဒီယာတို့ကနေ ကြော်ငြာတာတင်မဟုတ်ဘဲနဲ့ နိုင်ငံတကာက အပြေးနဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုဒ်တွေမှာလည်း ဒီအကြောင်းကိုတင်ထားတဲ့အတွက်ကြောင့် နိုင်ငံတကာက ပါဝင်တဲ့သူတွေ ပိုပြီးတော့များလာနိုင်တယ်။ အဲ့လူတွေကလည်း ပြိုင်ပွဲဝင်မယ်။ ပြိုင်ပွဲဝင်ပြီးတော့ နိုင်ငံရဲ့ တခြားအပိုင်းတွေကို သူတို့ပိုပြီး လေ့လာနိုင်ဖို့အတွက် အခွင့်အလမ်းတွေရှိတယ်။ ဒီပွဲက နိုင်ငံတကာက လူတွေကို ဆွဲဆောင်နိုင်တယ်"ဟု Run Myanmar Team Memberဖြစ်တဲ့ Mr.Nigel Klein ကပြောသည်။

Kalaw Trail Run အပြေးပြိုင်ပွဲကြီးတွင် ကလေးငယ်များနှင့် ပထမဆုံးစတင်ပြေးမည့်သူများ အတွက် ၄ ကီလိုမီတာပြိုင်ပွဲ၊ လမ်းလျှောက်ဝါသနာပါသူနှင့် ကျန်းမာရေးအတွက် ပြေးလိုသူများအတွက် ကလောမြို့ အရှေ့ဘက်တောင်တန်းများအား ပတ်ပြေးနိုင်မည့် ၁၂ကီလိုမီတာပြိုင်ပွဲ၊ ရွာငယ်များစွာအား ကျော်ဖြတ် ပြေးရမည့်၂၅ကီလိုမီတာပြိုင်ပွဲအပြင် ယခုနှစ်တွင် ထပ်မံထည့်သွင်းထားသည့် တာဝေး ၅၁ကီလိုမီတာ မာရသွန်ပွဲလည်း ပါဝင်မှာဖြစ်သည်။

Kalaw Trail Run အပြေးပြိုင်ပွဲအား၂၀၁၅ ခုနှစ်တွင် အပြေးသမား ၅၃ဦး ပါဝင်ယှဉ်ပြိုင်ခဲ့၍ ၂၀၁၈ခုနှစ်တွင်  အပြေးသမားပေါင်း ၃၅၀ဦးအထိ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly