အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယားက စျေးတစ်စျေးမှာ တိုက်ခိုက်မှုဖြစ်လို့ တစ်ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရ

အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယားက စျေးတစ်စျေးမှာ တိုက်ခိုက်မှုဖြစ်လို့ တစ်ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရ

ကက်ရှ်မီးယား၊ နိုဝင်ဘာ ၅။        ။ အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယားက သီရီနာဂါအရပ်က စျေးတစ်စျေးမှာ တနင်္လာနေ့က တိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားလို့ တစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းချရာ လဟာပြင်စျေးမှာ နေ့လယ်ပိုင်းက ပေါက်ကွဲမှု ဖြစ်တာလို့ အမည်မဖော်တဲ့ ရဲအရာရှိတစ်ဦးက အီးပီအေသတင်းဌာနကို ပြောပါတယ်။

ပေါက်ကွဲမှု ဗုံးဆန်မှန်တဲ့ ဒဏ်ရာရသူတွေကို သီရီနာဂါဆေးရုံကို တင်ပို့ထားကြောင်း အမည်မဖော်တဲ့ ဆရာဝန်တစ်ဦးက ဆိုပါတယ်။

ဒီ တိုက်ခိုက်မှု မဖြစ်ခင် တစ်ပတ်လောက်ကလည်း ဆိုပေါမြို့မှာ လူစည်ကားရာ စျေးတန်းအတွင်း ဗုံးပေါက်ကွဲလို့ ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်က အိန္ဒိယအစိုးရဟာ ကက်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းပြီး အိန္ဒိယရဲ့ ဖွဲ့စည်းပုံအတွင်း ထည့်သွင်းလိုက်ရာကစလို့ နဂိုကတည်းက ထိလွယ်ရှလွယ် နယ်မြေမှာ မတည်ငြိမ်မှုတွေ ဖြစ်ပွားပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly